မျှော်မှန်းရခက်သော မြန်မာပြည်သူတို့ဘဝ

မြန်မာနိုင်ငံတွင် မကြာမီ ကောက်ရွေးပွဲကြီး ကျင်းပတော့မည် ပြည်သူများ
စိတ်လှုပ်ရှားနေကြသည် လွှတ်တော်အမတ်များလည်း စိတ်လှုပ်ရှားနေကြ
သည်။ အမတ်များ အနာဂတ်တွင် အပီဝါးနိုင်ရန် ပါးစပ်ပြင်၍ သွားသွေးနေ
ကြသည်။အရိုးရှောင်၍ ရေရှည်ဝါးနိုင်ရန် ကြံစည်နေကြသည်။ဆရာကောင်း
တပည့် ဆရာထက်တပည့် လက်စောင်းထက် လက်စောင်းသွက်ကြသည်။
လေးစားလောက်ပါသည်။လောကတွင်တစ်ခါမှ မကြုံဘူးပါ။
ကျွန်တော်တို့ငယ်စဉ်က နေဝင်းခေတ်တွင် တစ်ခါကြုံဘူးသည်။ကျွန်တော်ငယ်
သေးသဖြင့် သိပ်မမှတ်မိ။ ကျွန်တော်မှတ်မိသည်မှာ နာမည်ကြီး အဆိုတော်
တစ်ယောက်သီဆိုသော မဲရုံသီချင်းဖြစ်သည်။
မဲရုံ..မဲရုံကိုလာ...(တပြည်လုံးမဲဆန္ဒနဲ့) ၂....ပျော်ပျော်ရွှင်ရွှင်..တူတူညီညီ..
(တိုင်းကျိုးပြည်ကျိုး..ထမ်းပိုးရွက်ကာ) ၂..မဲရုံကို..မဲရုံကို..လာကြမီးသွားရှို့မယ်ကွာ..
ထိုသီချင်းသည် ထိုအချိန်က အလွန်ခေတ်စားသည်။
ပြည်သူတွေလည်း စီးပွားရေး အဆင်ပြေကြသောကြောင့် နေဝင်းအစိုးရကို ယုံကြည်ပြီး
မဲသွားထည့်ကြသည်။နေဝင်းအစိုးရသည် ပြည်သူတွေ၏ ယုံကြည်မှုကိုရရှိပြီး အလွဲသုံးစား
လုပ်ချင်ရာလုပ်တော့သည်။ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဘဝရောက်သည်အထိပင်။
ယခု ခင်ညွန့်တို့ သန်းရွှေတို့ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝမှ ကမ္ဘာ့သူတောင်း
စားနိုင်ငံဘဝသို့ပင်ရောက်နေပေပြီ။ဖခင်ဗိုလ်ချုပ်အောင်ဆန်းပြောသွားသကဲ့သို့ ဖာ
နိုင်ငံဘဝသို့ ရောက်နေပြီ။ယခုကောက်ရွေးပွဲမှ သေချာပေါက်အနိုင်ရပြီး တက်လာမည့် ကြံ့ဖွတ်
အစိုးရသည် ဘယ်နိုင်ငံဘဝသို့ ရောက်အောင်လုပ်ဦးမည်မသိ။
ပြည်သူတွေလည်း ဘယ်ဘဝရောက်ကြရမည်မသိနိုင်တော့ ဖင်လေးစရာပင်.......။
ကုလသမဂ္ဂကြီးလည်း စောင့်ကြည့်နေသည်မှာ ၂၂ နှစ်တိုင်ခဲ့ပြီ။
မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် စစ်အစိုးရ၏ ပြည်သူများကို ငြိမ်ဝပ်ပိပြားပြီး မလှုပ်နိုင်အောင်
ရိုက်ပုတ် ညှင်းပမ်း နှိပ်စက် သတ်ဖြတ် ရွာလုံးကျွတ်မီးရှို မုဒိမ်းကျင့် မိုက်ချင်တိုင်းမိုက် ရိုင်းချင်
တိုင်းရိုင်း ဆိုးသွမ်းချင်တိုင်းဆိုးသွမ်း နေသည်ကို ကုလသမဂ္ဂကြီးလည်း စောင့်ကြည့်ကောင်း
ကောင်းနှင့် စောင့်ကြည့်လာသည်မှာနှစ်ပေါင်းများစွာကြာခဲ့ပေပြီ။
မြန်မာပြည်သူတွေလည်း ကမ္ဘာ့ကုလသမဂ္ဂကြီးကို အယုံအကြည်ကင်းမဲ့လာပြီး အားကိုးရာမဲ့
ဒုက္ခပင်လယ်ဝေလျှက် မျှော်မှန်းရခက်သော အနာဂတ်ကို စိတ်ဆင်းရဲမှုပေါင်းများစွာ ခါးစည်း
ကြံ့ကြံ့ခံပြီး ကျော်ဖြတ်ကြရပေဦးတော့မည်။
မြန်မာပြည်သူတို့၏ ရင်တွင်းဝယ် မြတ်ဗုဒ္ဓ၏ အဆုံးအမတရားတော်များ နှစ်ရှည်လများကိန်းအောင်း
နေ၍သာ တော်တော့သည် နို့မဟုတ်လျှင် မလွယ်။