ကျွန်တော့်ကို ၁၉၆၅ ခုနှစ် တန်ခူးလ ( April 16) ရက်မြန်မာနှစ်ဆန်းတစ်ရက် သောကြာနေ့တွင် ဂျင်မခါနာဆေးရုံကြီးတွင် မွေးဖွားခဲ့ပါသည်။ကျွန်တော့်မွေးရပ်ဇာတိမှာ မင်္ဂလာတောင်ညွန့် ကန်တော်ကလေး
ရန်ကုန်မြို့ ဖြစ်ပါသည်။ကျွန်တော်သည်မွေးချင်း ရ ယောက်အနက် ၅ ယောက်မြောက်သား ဖြစ်ပါသည်။
အမှန်တစ်ကယ်တွင်မူမွေးချင်း ၈ ယောက်ရှိပါသည်။ကျွန်တော့်အထက် ၃ ယောက်မြောက်အစ်ကိုမှာ
၅ နှစ်သားအရွယ်တွင် အပြင်းဖျားပြီးဆုံးသွားပါသည်။ကျွန်တော်တို့မိသားစုအားလုံး အဘိုးတို့မိသားစုနှင့် တစ်အိမ်တည်းတွင် အတူတစ်ကွနေထိုင်ကြရသဖြင့် အလွန်ကျပ်တည်းပါသည်။ အဘိုး၏ အိမ်သည် ပေ ၃၀
ပေ ၅၀ ပျဉ်ထောင်သွပ်မိုးအပြည့်ဆောက်ထားသော်လည်း အလယ်မှတစ်ခြမ်းခြမ်း၍ တစ်ဖက်ခန်းတွင် အဖေ့၏
ညီမမိသားစုနေထိုင်သောကြောင့် ကျန်တစ်ခန်းတွင် မိသားစု နှစ်စု အဘိုးတို့က မိသားစု ၃ ယောက်
ကျွန်တော်တို့က မိသားစု ၉ ယောက်ဖြစ်သဖြင့် အလွန်ကျပ်တည်းပါသည်။
ကျွန်တော်ငယ်စဉ်က မှတ်မိသလောက် ငလျှင်လှုပ်သည်ကို မကြာခဏကြုံတွေ့ဖူးပါသည်။ငလျှင်လှုပ်သည်နှင့်
နောက်ဖေးမီးဖိုချောင်တွင် ချက်ပြုတ်နေသောအဖွားသည် အိမ်ပေါ်သို့ပြေးတက်လာပြီး အိမ်ပေါ်တွင်ဆော့က
စားနေသော ကျွန်တော်တို့ညီအစ်ကိုတစ်တွေကို ဖက်ထားပါသည်။အဖွားသည် ကျွန်တော်တို့ညီအစ်ကိုတစ်တွေ
ကို ချစ်ပါသည်။ငလျှင်လှုပ်၍ မတော်တစ်ဆ လဲပြိုသွားလျှင် ရူးမည်စိုးသောကြောင့်ဟု ထင်ပါသည်။
ကျွန်တော်တို့လည်း ငလျှင်လှုပ်လျှင် ပြူးတူးကြောင်တောင်နှင့် အလွန်ကြောက်သဖြင့် အဖွားကိုပြန်ဖက်ထားမိ
ပါသည်။အဘိုးကတော့ အိမ်ရှေ့ခန်းမှ“ ငလျှင်လှုပ်တယ်ဟေ့ သတိထားကြ ” ဟု အော်ဟစ်သတိပေးပါသည်။
ငလျှင်လှုပ်ပြီးသည်နှင့် အဘိုးက ဘယ်နှစ်နာရီ ဘယ်နှစ်မိနစ်မှာ စလှုပ်သည်ဟု တန်းပြောပါသည်။ကျွန်တော်တို့
အိမ်တွင် ၁၉၀၂ ခုနှစ် တွင်ထုတ်လုပ်သော ချိန်သီးနှင့် တိုင်ကပ်နာရီကြီးရှိပါသည်။ငလျှင်စလှုပ်သည်နှင့် ထိုတိုင်
ကပ်နာရီကြီးသည် ရပ်သွားပါတော့သည်။အဘိုးကနာရီကိုကြည့်၍ အတိအကျ ပြောခြင်းဖြစ်သည်။စက္ကန့်တံ မပါသောကြောင့် စက္ကန့်တော့ အတိအကျ မသိပေ။
ကျွန်တော့်အဖေသည် ဆိပ်ကမ်းအာဏာပိုင် ဗဟိုပစ္စည်းထိမ်းရုံးတွင် စာရေးကြီးဖြစ်သည်။အဖေလစာထုတ်သည်
နှင့်ညပိုင်းတွင်မိသားစုအားလုံးကိုခေါ်၍ လေဟာပြင်ဈေးတွင်စားသောက်ကြပါသည်။စားချင်တာစား သောက်ချင်
တာသောက် ကျွန်တော်အလွန်ပျော်ပါသည်။ကျွန်တော်ကတော့ ခေါက်ဆွဲကြော်စားပြီ့း ဖါလူဒါသောက်ပါသည်။
အဘိုးကလည်း ရုပ်ရှင်ကြိုက်သဖြင့် ကျွန်တော်တို့ကို မကြာခဏ ရုပ်ရှင်ခေါ်သွားပါသည်။ထိုအချိန်က
ပရဲဇီးဒဲန့် ၊ ပလေဒီယံ ၊ဂလုပ်၊အိက်ဇက်စီယာ၊စသောရုပ်ရှင်ရုံများတွင် နိုင်ငံခြားရုပ်ရှင်များ ရုံတင်ပြသပါသည်။
ထိုအချိန်က တော်လှန်ရေးကောင်စီတက်ပြီး မြို့သစ်များဖေါ်ရာအကြွေးးစနစ်ဖြင့် အိမ်ယာအရောင်းပြခန်းများ
ကို မြေပဒေသာကျွန်းတွင်ပြသရောင်းချပေးပါသည်။အဖေသည်ကန်တော်လေးတွင်အဘိုးတို့မိသားစုနှင့်ကျပ်
ကျပ်တည်းတည်းအတူနေရသောကြောင့် တောင်ဥက္ကလာပ ၁၄ ရပ်ကွက် မြင်သာစုပေါင်းအိမ်ယာ အမှတ် (၁)
တွင် ဝယ်ယူလိုက်ပြီး ကျွန်တော်တို့မိသားစု မြင်သာစုပေါင်းအိမ်ယာသို့ ပြောင်းရွှေ့ခဲ့ကြတော့သည်။
ကျွန်တော်တို့ ပြောင်းခါစက အိမ်ယာများသည် လယ်မြေများကို ရှင်းလင်း၍ အိမ်ယာများအကွက်ဖေါ် ဆောက်
ထားသောကြောင့် အရိပ်ဟူ၍ မည်မည်ရရမရှိပဲ လွင်တီးခေါင်ဖြစ်နေသည်။အိမ်ရှေ့ကွက်လပ်တွင် မြက်ရိုင်းပင်
များ ရှင်းလင်းခြင်း ၊အုန်းပင်များခြံပါတ်လည် စိုက်ပျိုးခြင်း၊သရက်ပင် ၊ နှင်းသီးပင် ၊မာလကာပင် များစိုက်ပျိုးခြင်း
ဖြင့် အချိန်များကုန်လွန်ခဲ့သည်။ထိုအချိန်က ကျွန်တော့်အသက်မှာ ၄ နှစ်ဝန်းကျင်ခန့်သာရှိဦးမည်။
ကျွန်တော့်အသက် ၅ နှစ်သို့ရောက်သောအခါ ကျောင်းစတင်နေရပါသည်။အခြေခံ ပညာမူလတန်းကျောင်း
အမှတ် ( ၃ ) တွင် သူငယ်တန်း မှ စတင်၍ ၄ တန်းအထိ ကျောင်းတက်ရပါသည်။ထိုကျောင်းကို ရပ်ကွက်ထဲမှ
လူကြီးအတော်များများက ညောင်ညိုပင်ကျောင်းဟု ခေါ်ကြပါသည်။ထိုကျောင်းရှိ ဆရာများအနက် ဆရာကြီး
ဦးသိန်းဆိုင် မှာ စာသင်ရာတွင် မာန်ပါပါ သင်ပေးသောကြောင့် ကလေးများ ပျော်ပျော်ပါးပါး စာလိုက်နိုင်
ကြပါသည်။ဆရာကြီး၏ ပုံစံမှာ နဖူးပြောင်ပြောင် မျက်လုံးပြူးပြူး အသားဖြူဖြူ နှင့် စာသင်ရာတွင် စိတ်လိုက်
မာန်ပါစွာ အော်ကြီးဟစ်ကျယ်သင်သောကြောင့် ကလေးများကလည်း အသံကုန်ဟစ်အော် လိုက်ဆိုကြသည်။
ကကြီရေက.....ကကြီရေးချာကာ.....ကကြီရေးချာ ဝေးစံနှလုံးပါ ကား............။
ထိုမူလတန်းကျောင်းတွင် ၄ တန်းအထိ ကျောင်းတက်ရပါသည်။ ၄ တန်းအောင်သောအခါ ထိုမူလတန်းကျောင်း
ကြီးနှင့် ခွဲခွါခဲ့ရပါသည်။ ၅ တန်းကို အခြေခံ ပညာအထက်တန်းကျောင်း အမှတ် ( ၃ ) တွင် ပညာများဆက်လက်
သင်ယူ ရပါသည်။ထိုခေတ် ထိုအခါက A , B ,C , D ကို ၅ တန်းရောက်မှ စတင်သင်ယူကြရပါသည်။ထိုကြောင့်
ကျွန်တော်တို့အရွယ် လူများသည် အင်္ဂလိပ်စာ အတော်ညံ့ကြပါသည်။ထိုခေတ်က ၄ တန်း ၊ ၈ တန်း နှင့် ၁၀
တန်း တို့သည် အစိုးရစစ်စာမေးပွဲ ဖြစ်သောကြောင့် တစ်ချို့ ၈ တန်းတွင် ကျကျန်ခဲ့ကြပါသည်။ကျွန်တော်က
တော့ ၁၀တန်း အထိ ရောက်ခဲ့ပါသည်။ ၁၀ တန်းကို ၄ ၊ ၅ ကြိမ်ဖြေသော်လည်း B အဆင့် ဖြင့်သာ အောင်သော
ကြောင့် ကျွန်တော့်ပညာရေးသည် ၁၀ တန်းအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပါသည်။
အပိုင်း ၎

တော်ဝင်ပန်း စားသောက်ဆိုင်


အထဲသို့ ဝင်လိုက်သည်နှင့် မီးရောင်မှိန်ပျပျအောက်တွင် စားသောက်သူများ စားပွဲဝိုင်း
များတွင် တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ဆဲဆိုခြင်း ၊ ထွေရာလေးပါး ပြောဆိုငြင်းခုံခြင်း ၊
တစ်ယောက်ကအရွှန်းဖောက်၍ ကျန်လူများ တစ်ဝါးဝါး တစ်ဟားဟား အော်ဟစ်ရယ်မော
ခြင်း ၊တစ်ချို့အဆင်မပြေသောဘဝကို စဉ်းစားသုံးသပ်ရင်း ညည်းညူမြည်တမ်းခြင်း ၊အချစ်
ရေးအိမ်ထောင်ရေး မပြေလည်အဆင်မချော အဖုအထစ်များကြောင့် စိတ်ညစ်ပြီး အရက်
သောက်ရင်း တစ်ယောက်နှင့်တစ်ယောက် ရင်ဖွင့်တိုင်ပင်ဆွေးနွေး ခြင်း ၊ ဇွန်းနှင့်ပန်းကန်
ထိခတ်သံ ၊ပုလင်းနှုတ်ခမ်းနှင့်ဖန်ခွက်ထိခတ်သံ တို့ဖြင့် ဆူညံလျှက် ၊ချွေးနံ့ ၊ရေမွှေးနံ့ ၊ဆေး
လိပ်မီးခိုးငွေ့နံ့ ၊အရက်နံ့တို့ ထောင်းထောင်းထလျှက် မှုံမှုံ မှိုင်းမှိုင်းအခန်းတွင်းဝယ် လွတ်လပ်
သောကမ္ဘာငယ်လေးတစ်ခုသဖွယ် .............
ဆိုင်မှစားပွဲထိုးလေးတစ်ယောက်က ကျွန်တော့်အား ကြိုဆိုရင်း........
“ ကြွပါ..အစ်ကိုကြီး...တစ်ယောက်ထဲလား ...ဘယ်နေရာမှာထိုင်မလဲ...ကျွှန်တော်စီစဉ်ပေး
မယ်....ပြီးမှ...အစ်ကိုကြီး..စိတ်ကြိုက်မှာချင်တာမှာနှိုင်ဖို့...ကျွှန်တော်ပြန်လာခဲ့ပါ့မယ်...”
“..အေးကွာ....ကျေးဇူးပါပဲ...အရင်ရောက်နှင့်နေတဲ့ ကို့မိတ်ဆွေတွေကို...တစ်ချက်ရှာကြည့်
လိုက်ဦးမယ်....”
” သြော်...ကောင်းပါပြီအစ်ကို...လိုအပ်တာရှိရင် ကျွှန်တော့်ကိုလှမ်းခေါ်လိုက်နော်...”
“အေး..အေး ကောင်းပြီ...”
ကျွှန်တော်ပြောဆိုပြီး ဆိုင်အတွင်းသို့ ဖြည်းဖြည်းချင်း တစ်ချက်ဝေ့ကြည့်လိုက်သည်။တွေ့ပြီ
ဆိုင်၏ အတွင်းဖက်ကျကျ ထောင့်တစ်နေရာတွင် ထိုင်နေသောသူတို့ကလည်း ကျွှန်တော်
ဆိုင်အတွင်းဝင်လာသည်ကို လှမ်းတွေ့လိုက်၍့ လက်ပြနေသည်ကို တွေ့လိုက်ရသဖြင့်
ထိုစားပွဲဝိုင်းရှိရာသို့ ဦးတည်သွားလိုက်ပြီး စားပွဲရှိကျွှန်တော့်အတွက်တင်ကြိုယူထားသော
ထိုင်ခုံလွတ်တွင် ဝင်ထိုင်လိုက်သည်။
“ရောက်နေတာကြာနေကြပြီလား...”
“မကြာသေးပါဘူး...ခုလေးတင်ပါပဲ...”
“မှာပြီးကြပြီလား...”
“မမှာရသေးဘူး...လူစုံမှမှာမယ်လို့စားပွဲထိုးလေးကိုပြောထားတယ်.....”
“ဘယ်သူကျန်သေးလဲ...”
“ဟိုကောင်..ကျော်ကျော်ရောက်မလာသေးဘူး...ခဏစောင့်ရင်း...မှာစရာရှိတာမှာထား
ကြရအောင်...”
“အေး..ကောင်းသားပဲ..ဟေ့ကောင်ဇော်လတ်..မင်းပဲကြည့်ကျက်ပြီး..အားလုံးနဲ့သင့်တာ
မှာကွာ....”
ဇော်လတ်မီနူးကတ်ကိုကြည့်ပြီး စားပွဲထိုးလေးကိုလှမ်းခေါ်လိုက်သည်။
စားပွဲထိုးလေး အနားသို့ရောက်လာသည်နှင့် ဇော်လတ်မီနူးကတ်ကိုကြည့်၍
“ ..ဘဲကင်တစ်ခြမ်း..ဝက်နံရိုးကြော်တစ်ပွဲ..အစိမ်းကြော်တစ်ပွဲ..ကြက်တောင်ပံကြော်..ကြက်သွန်ကွင်း
ကြော်..ဝက်အူမကြီးသုတ်...seafood ယိုးဒယားဟင်းချိုတစ်ပွဲ..blackတစ်လုံး..ဆော်ဒါ..coca cola..
နဲ့ ရေခဲတစ်ပွဲ..လောလောဆယ် ဒါပဲအရင်မှာထားဦးမယ်..နောက်မှလိုတာထပ်မှာမယ်ညီလေး...”
“ဟုတ်ကဲ့..ကောင်းပါပြီ...”
စားပွဲထိုးလေး..အော်ဒါများရေးမှတ်ပြီးထွက်သွားသည်။
“ ဟေ့ကောင်မင်းကလည်း မှာတာတွေများလိုက်တာ..ပိုရင်မင်းအိမ်ကိုထုပ်သွားမလို့လား..”
“ကိုသိန်းအေးကလည်း...ဒီလိုပဲဖြည်းဖြည်းချင်း စားရင်းသောက်ရင်းဆွေးနွေးရင်း..ကုန်သွားမှာပါ...
ဟောဟိုမှာ..ကျော်ကျော်ရောက်လာပြီ...”
သို့နှင့် အောင်အောင်၊ကျော်ကျော်၊သက်နိုင်၊သန်းထိုက်၊ဇော်လတ်၊ကိုရဲ၊ကျွန်တော်တို့အားလုံးလူစုံသွား
သည်။ကျွန်တော်ကစတင်၍ စကားဝိုင်းကို အသက်သွင်းလိုက်သည်။
“ ကဲ...မင်းတို့အားလုံးလည်းပြင်ဆင်စရာရှိတာပြင်ဆင်ရင်းနဲ့ “စ”သတင်းကိုရနိုင်သမျှရသလောက်စုံစမ်း
..ပြီးရင်ငါတို့..နှစ်ပါတ်တစ်ကြိမ်လောက်..ဆုံပြီးဆွေးနွေးကြမယ်...ငါတို့လှုပ်ရှားမဲ့ကိစ္စအတွက်
လောလောဆယ်မင်းတို့ ဘာသတင်းတွေကြားထားကြလဲ..”
ဇော်လတ်က.....
“အခုလောလောဆယ်ကျွန်တော်သိရသလောက်..အဲ့ဒီသင်္ဘောပျက်တွေထားတဲ့နေရာကို..ဖျက်သိမ်းတော့မယ်
လို့ကြားရတယ်..ဘယ်နေရာလဲတော့ကျွန်တော်လဲမသိဘူး...”
“အေး..အဲဒါကိုတော့ငါလည်းကြားတယ်...”
ကိုရဲက...
“ ဟိုမှာ..မှာထားတာတွေလာပို့နေပြီ.....”
စားပွဲထိုးလေးက..စားသောက်စရာများကိုစားပွဲပေါ်စီစဉ်နေရာချနေသဖြင့်..ကိုယ်ကိုယို့၍ရှောင်တိမ်းရင်း
စကားခေတ္တဖြတ်ထားလိုက်သည်။ထိုနောက် ကိုရဲက ဖန်ခွက်များထဲသို့အရက်ငှဲ့ထည့်ပေးကာ တစ်ခွက်စီကို
ရေခဲနှစ်တုံးစီထည့်ပြီး..တစ်ဦးချင်းစီသို့ကမ်းပေးလိုက်သည်။ကျွန်တော်လည်းဖန်ခွက်ထဲသို့ ဆော်ဒါရောထည့်
ပြီးဖန်ခွက်ကိုခလောက်နေလိုက်သည်။ကျန်သူများလည်း မိမိတို့စိတ်ကြိုက်ရောနှော၍ ဖန်ခွက်ကိုယ်စီမြှောက်
လိုက်ကြပြီး
“ လာ..အားလုံးပဲ..ချီးယားစ်...ကျန်းမာ..ပျော်ရွှင်..စော်ကြည်...ထီပေါက်..ရည်ရွယ်တာတွေ အကုန်ရောက်
စီးပွါးရေးတွေအားလုံးအဆင်ပြေပါစေ.....”
ဖန်ခွက်ကိုကိုင်မြှောက်ရင်းကျွန်တော်ကစတင်၍အားလုံးကို..ချီးယားစ် လုပ်လိုက်သည်။
“OK...Cheers...”“Cheers...”
အော်ရင်းအားလုံးတစ်ကြိုက်စီမော့လိုက်ကြသည်..ရင်ထဲသို့ခါးသီးပူလောင်စွာစီးဆင်းဝင်ရောက်သွားသည်..
ခံတွင်းထဲတွင် ခံစားနေရသော ခါးသီးသီးအရသာကိုပြေပျောက်စေရန်အလို့ငှာ ဘဲကင်တစ်ဖတ်ကို တူနှင့်
ညှပ်၍ကောက်ဝါးလိုက်သည်။သူတို့လည်းအသီးသီး အဆင်ပြေရာအမြည်းတစ်ခုစီကိုကောက်ဝါးနေကြသည်။
“အဲ့ဒီ..ဖမ်းဆီးရမိထားတဲ့ ငါးဖမ်းစက်လှေတွေ၊မှောင်ခိုစက်လှေတွေကို ..Pioneer North...(Gul...Road..)
ဆိပ်ကမ်းမှာစုပုံထားတယ်လို့သိရတယ်..အဲ့ဒီဆိပ်ကမ်းကိုမကြာခင်နောက် နှစ်လောက်မှာဖျက်
ဆီးတော့မယ်လို့ ငါ့အသိတစ်ယောက်ထံကသိရတယ်..သူက “စ”မှာအင်ဂျီနီယာ PR တစ်ယောက်ဖြစ်ပြီး
Ship Yard မှာလုပ်နေတယ်...”
ကိုသက်နိုင်က အရက်တစ်ငုံသောက်ရင်း ..
“ ဒီလိုဆိုရင်..ကျွန်တော်တို့ အခုကတည်းက စာအုပ်လျှောက်ထားပြီး...အသေးစိတ် အစီအစဉ်ဆွဲကြရအောင်
စာအုပ်ရတာနဲ့ စပြီးလှုပ်ရှားကြရမယ်...”
“ဒီအတိုင်းတစ်ယောက်တစ်ပေါက်..ပြောဆိုဆွေးနွေးနေတာထက်စာရင်တစ်ယောက်ယောက်ကို..ခေါင်းဆောင်
သဘောမျိုးထားပြီး..ဦးတည်ချက်တစ်ခုစီထားပြီး..ဆွေးနွေးကြရင်ကောင်းမယ်...”
“ဟုတ်တယ်..ကိုသန်းထိုက်ပြောတာမှန်တယ်..နို့မဟုတ်ရင်အကွက်မစေ့ပဲ..လွတ်ကွက်ဟာကွက်တွေရှိလာလိမ့်
မယ်..ပထမဆုံးဦးတည်ချက်က..ဘာကိုအရင်ဆုံးထားပြီးဆွေးနွေးကြရင်ကောင်းမလဲ...ဘယ်သူ့ကိုခေါင်းဆောင်
ရွေးမလဲ..ကဲ...အားလုံးက..ဘယ်သူ့ကိုခေါင်းဆောင်နေရာထားသင့်တယ်လို့ထင်သလဲ...”
ကိုရဲကဝင်၍ ထောက်ခံပြောဆိုရင်းအောင်အောင့်ကိုမေးငေါ့၍..........
“ကျွန်တော်ကတော့ ကိုသိန်းအေးကို ခေါင်းဆောင်နေရာမှာထားပြီး...ဆွေးနွေးကြရင်ကောင်းမယ်လို့ထင်တယ်
ဘာဖြစ်လို့ ကိုသိန်းအေးကိုခေါင်းဆောင်တင်ရသလဲဆိုရင်..ကျွန်တော့်အမြင်ကိုပြောရရင်...ကိုသိန်းအေးက
“စ”မှာနေတုန်းကတည်းက..နေရာတစ်ကာနှံ့နှံ့စပ်စပ်လည်းရှိတယ်...အပေါင်းအသင်းမိတ်ဆွေတွေအပေါ်မှာ
လည်း...အနစ်နာခံစေတနာထားတယ်...အလုပ်လုပ်တဲ့နေရာမှာလည်း..ထောင့်စေ့အောင်သေသေသပ်သပ်..
စနစ်တစ်ကျလုပ်တတ်တယ်...အားလုံးနဲ့လည်းသင့်တင့်အောင်ပေါင်းသင်းတတ်တယ်..ပြဿနာတစ်စုံတစ်ရာ
ရှိခဲ့ရင်လည်း..ပြေပြေလည်လည် ညှိနှိုင်းဆွေးနွေးတတ်တယ်..ဒါကြောင့်ကျွန်တော်ကတော့ ကိုသိန်းအေးကို
ခေါင်းဆောင်စေချင်တယ်...အောင်အောင်မင်းကရော ဘယ်လိုသဘောရလဲ ..အားလုံးရောဘယ်လိုမြင်သလဲ”
“ဟာ..ငါကတော့ခေါင်းဆောင်မလုပ်ချင်ပါဘူး...တော်ကြာတစ်ခုခုမှားယွင်းသွားရင်မကောင်းဘူး..နောက်ပြီး
ခေါင်းဆောင်လုပ်ရတာ..ဦးနှောက်စားတယ်..ငါတို့လုပ်ရမဲ့ကိစ္စကအရမ်းအရေးကြီးတယ်..အားလုံးရဲ့ဘဝတိုး
တက်မှုနဲ့လည်းဆိုင်တယ်..ငါတော့မလုပ်ချင်ဘူး..တစ်ခြားလူကိုစဉ်းစားကြပါဦး....”
ဇော်လတ်ကလည်းဝင်၍
“ဟုတ်ပါတယ်..ကိုသိန်းအေးပဲ..ဒီကိစ္စကိုခေါင်းဆောင်ပြီး စီစဉ်စေချင်တယ်...ကိုသိန်းအေး ရေးဆွဲစီစဉ်တဲ့
အတိုင်းကျွန်တော်တို့ လိုက်နာဆောင်ရွက်ကြမယ်...လိုအပ်ချက်တွေ့ရှိခဲ့ရင်လည်း..ကျွန်တော်တို့ဝိုင်းဝန်း
ညှိနှိုင်းဆွေးနွေး အဖြေရှာကြတာပေါ့...မကောင်းဘူးလား...”
“ကောင်းတယ်...ကောင်းတယ်..”
အားလုံးကဝိုင်း၍ ထောက်ခံလိုက်ကြသဖြင့် ကျွန်တော်ခေတ္တစဉ်းစားရင်း ငြိမ်နေလိုက်စဉ်မှာ.....
“ ကဲ...ကိုသိန်းအေးကို ခေါင်းဆောင်တင်တဲ့အနေနဲ့...တစ်ခွက်လောက်...ချီးယားစ် လုပ်လိုက်ကြရအောင်..”
ကျော်ကျော်က ပြောရင်းခွက်ကိုကိုင်မြှောက်လိုက်သဖြင့်..အားလုံးကလည်း တစ်ညီတစ်ညွတ်တည်း ခွက်ကိုယ်
စီကိုင်မြှောက်၍ ကျွန်တော့်ကိုပါ...ပါဝင်ဘို့ ခေါင်းဆောင်ဖို့ လောဆော် လိုက်ကြသဖြင့်.....
“ချီးယားစ်....ချီးယားစ်....ချီးယားစ်....”

အပိုင်း ၎

တော်ဝင်ပန်း စားသောက်ဆိုင်

အထဲသို့ ဝင်လိုက်သည်နှင့် မီးရောင်မှိန်ပျပျအောက်တွင် စားသောက်သူများ စားပွဲဝိုင်း
များတွင် တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ဆဲဆိုခြင်း ၊ ထွေရာလေးပါး ပြောဆိုငြင်းခုံခြင်း ၊
တစ်ယောက်ကအရွှန်းဖောက်၍ ကျန်လူများ တစ်ဝါးဝါး တစ်ဟားဟား အော်ဟစ်ရယ်မော
ခြင်း ၊တစ်ချို့အဆင်မပြေသောဘဝကို စဉ်းစားသုံးသပ်ရင်း ညည်းညူမြည်တမ်းခြင်း ၊အချစ်
ရေးအိမ်ထောင်ရေး မပြေလည်အဆင်မချော အဖုအထစ်များကြောင့် စိတ်ညစ်ပြီး အရက်
သောက်ရင်း တစ်ယောက်နှင့်တစ်ယောက် ရင်ဖွင့်တိုင်ပင်ဆွေးနွေး ခြင်း ၊ ဇွန်းနှင့်ပန်းကန်
ထိခတ်သံ ၊ပုလင်းနှုတ်ခမ်းနှင့်ဖန်ခွက်ထိခတ်သံ တို့ဖြင့် ဆူညံလျှက် ၊ချွေးနံ့ ၊ရေမွှေးနံ့ ၊ဆေး
လိပ်မီးခိုးငွေ့နံ့ ၊အရက်နံ့တို့ ထောင်းထောင်းထလျှက် မှုံမှုံ မှိုင်းမှိုင်းအခန်းတွင်းဝယ် လွတ်လပ်
သောကမ္ဘာငယ်လေးတစ်ခုသဖွယ် .............
ဆိုင်မှစားပွဲထိုးလေးတစ်ယောက်က ကျွန်တော့်အား ကြိုဆိုရင်း........
“ ကြွပါ..အစ်ကိုကြီး...တစ်ယောက်ထဲလား ...ဘယ်နေရာမှာထိုင်မလဲ...ကျွှန်တော်စီစဉ်ပေး
မယ်....ပြီးမှ...အစ်ကိုကြီး..စိတ်ကြိုက်မှာချင်တာမှာနှိုင်ဖို့...ကျွှန်တော်ပြန်လာခဲ့ပါ့မယ်...”
“..အေးကွာ....ကျေးဇူးပါပဲ...အရင်ရောက်နှင့်နေတဲ့ ကို့မိတ်ဆွေတွေကို...တစ်ချက်ရှာကြည့်
လိုက်ဦးမယ်....”
” သြော်...ကောင်းပါပြီအစ်ကို...လိုအပ်တာရှိရင် ကျွှန်တော့်ကိုလှမ်းခေါ်လိုက်နော်...”
“အေး..အေး ကောင်းပြီ...”
ကျွှန်တော်ပြောဆိုပြီး ဆိုင်အတွင်းသို့ ဖြည်းဖြည်းချင်း တစ်ချက်ဝေ့ကြည့်လိုက်သည်။တွေ့ပြီ
ဆိုင်၏ အတွင်းဖက်ကျကျ ထောင့်တစ်နေရာတွင် ထိုင်နေသောသူတို့ကလည်း ကျွှန်တော်
ဆိုင်အတွင်းဝင်လာသည်ကို လှမ်းတွေ့လိုက်သဖြင့် လက်ပြနေသည်ကို တွေ့လိုက်ရသဖြင့်
ထိုစားပွဲဝိုင်းရှိရာသို့ ဦးတည်သွားလိုက်ပြီး စားပွဲရှိကျွှန်တော့်အတွက်တင်ကြိုယူထားသော
ထိုင်ခုံလွတ်တွင် ဝင်ထိုင်လိုက်သည်။
“ရောက်နေတာကြာနေကြပြီလား...”
“မကြာသေးပါဘူး...ခုလေးတင်ပါပဲ...”
“မှာပြီးကြပြီလား...”
“မမှာရသေးဘူး...လူစုံမှမှာမယ်လို့စားပွဲထိုးလေးကိုပြောထားတယ်.....”
“ဘယ်သူကျန်သေးလဲ...”
“ဟိုကောင်..ကျော်ကျော်ရောက်မလာသေးဘူး...ခဏစောင့်ရင်း...မှာစရာရှိတာမှာထား
ကြရအောင်...”
“အေး..ကောင်းသားပဲ..ဟေ့ကောင်ဇော်လတ်..မင်းပဲကြည့်ကျက်ပြီး..အားလုံးနဲ့သင့်တာ
မှာကွာ....”
ဇော်လတ်မီနူးကတ်ကိုကြည့်ပြီး စားပွဲထိုးလေးကိုလှမ်းခေါ်လိုက်သည်။
မနေ့ညက အိပ်မက်မက်သည် ထူးဆန်းသောအိပ်မက်ဟုထင်မိသည်။
ကမ္ဘာမြေတစ်ခွင်လုံး ရေတွေလွှမ်းနေသည် ကမ္ဘာကြီးပျက်ပြီဟုခံစား
မိသည် ။မိုးကောင်းကင်ကိုမော့ကြည့်လိုက်ရာ ကောင်းကင်ပေါ်တွင်လည်း
ရေလှိုင်းများရိုက်ခတ်နေသည်ကိုတွေ့ရသည်။တစ်ခါတစ်ရံ ရေလှိုင်းများက
ပြည့်ဝစွာထိန်လင်းနေသော လမင်းကြီးကိုပင် မမြင်ရလောက်အောင်ရိုက်
ခတ်လျှက်ရှိသည်ကို မြင်တွေ့နေရသည်။ ရင်ထဲတွင်အကြောက်တရားတို့က
လွှမ်းမိုးကြီးစိုးလျှက် ပြေးစရာမြေမရှိ နေရာတစ်ကာ ရေတွေကိုသာ မျက်စေ့
တစ်ဆုံး မြင်နေရသည်။ကံကောင်းသည်မှာ ကမ္ဘာကြီးကိုဖန်အုပ်ဆောင်းကြီး
ဖြင့် အုပ်ထားသကဲ့သို့ ထူးဆန်းဖွယ်ရာတွေ့မြင်ရသောကြောင့် ကောင်းကင်
ပေါ်တွင်ရေလှိုင်းများရိုက်ခတ်နေသည်ကို တွေ့မြင်ရခြင်းဖြစ်သည်။

ကိုပီတာ သို့

ဆရာကိုပီတာ ကျွန်တော့် blog နောက်ခံဒီဇိုင်းကို ပြင်ဆင်ပြောင်းလဲပေးတာကျေးဇူးအများကြီး
တင်တယ်။ကျွန်တော်လည်းကြိုက်တယ်။သိန်းအေးblog ကိုလည်းနောက်ခံဒီဇိုင်းပြောင်းပေးဦး
နော်...ခင်ဗျားကောအဆင်ပြေရဲ့လား...။
ကျွန်တော်သည် စင်္ကာပူနိုင်ငံတွင်ရှိနေစဉ် channal news asia မှ `
နှစ်သစ်ကူးရေသဘင်ပွဲတော်နှင့်ပါတ်သက်၍ သတင်းကြေငြာသည်ကို
ကြည့်လိုက်ရသည်။ထိုကဲ့သို့ကြေငြာရာတွင် ထိုင်းနိုင်ငံတွင်ကျင်းပဆင်နွှဲ
သည့်ရေသဘင်ပွဲတော်အကြောင်းများကိုသာ ဦးစားပေးဖေါ် ပြကြေငြာသည်
ကိုသာတွေ့ရသည်။မြန်မာနိုင်ငံ၏ နှစ်သစ်ကူးရေသဘင်ပွဲတော်နှင့်ပါတ်သက်၍`
အနည်းအကျဉ်းကလေးမျှတောင် ဖေါ်ပြသည်ကိုပင်မတွေ့ရသဖြင့် ရင်ထဲတွင်
စိတ်မသက်မသာဖြစ်မိသည်။ကျွန်တော်နှင့်ရင်းနှီးခင်မင်သော စင်္ကာပူနိုင်ငံသား
အတော်များများကိုလည်း မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှစ်သစ်ကူးရေသဘင်ပွဲ
တော်နှင့်ပါတ်သက်၍ ရှင်းလင်းပြောပြရာတွင်လည်း သူတို့က.." သြော်...ထိုင်းနိုင်ငံ
လိုပဲလားဟု..." ပြန်မေးသဖြင့် ရင်ထဲတွင် အောင့်သက်သက်ခံစားရသည်။
အမှန်တစ်ကယ်တွင်မူ ထိုင်းနိုင်ငံ၏ ရေသဘင်ပွဲတော်ကျင်းပဆင်နွှဲလာသည်မှာ
ဆယ်စုနှစ်ခန့်လောက်သာရှိမည်ဟု ခန့်မှန်းကြည့်မိသည်။မြန်မာနိုင်ငံ၏ ရေသဘင်ပွဲ
တော်ကို နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပဆင်နွှဲလာခဲ့သည်မှာ မည်မျှကြာ
ပြီကို အတိအကျမသိသော်လည်း နှစ်ပေါင်းရာချီနေမှန်း ကျွန်တော်သာမက မြန်မာနိုင်ငံ
သားများအားလုံးသိကြသည်။မြန်မာ့နှစ်သစ်ကူးရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံသားများ
အားလုံး အလေးထားကျင်းပဆင်နွှဲလာခဲ့သည်မှာ နှစ်စဉ်နှစ်တိုင်းပင်။တစ်နှစ်ပါတ်လုံး
ပွဲတော်များစွာရှိသော်လည်း နှစ်သစ်ကူးရေသဘင်ပွဲတော်ကို ပို၍အလေးထားကျင်းပဆင်
နွှဲခဲ့ကြသည်မှာ အများအသိပင်။ဘာသာရေးနွယ်သော လွတ်လပ်သော ပျော်ရွှင်ကြည်နူးဖွယ်
အလွန်ကောင်းသော ပွဲတော်တစ်ခုပင်ဖြစ်သည်။သင်္ကြန်အကျနေ့မှစ၍ အတက်နေ့အထိ
ရေပက်ကစားခြင်း ၊ရေပက်ခံထွက်ခြင်းများဖြင့် မိမိခန္ဓာကိုယ်ရှိအညစ်အကြေးများ ကင်းစင်
စေခြင်း ၊အခြားသူများ၏ ခန္ဓာကိုယ်မှအညစ်အကြေးများကို ကင်းစင်စေခြင်းငှာ ရေပက်ဖျန်း
ပေးခြင်းစသော ရည်ရွယ်ချက်ကောင်းများဖြင့် ပျော်ပျော်ပါးပါး ဆော့ကစားဆင်နွှဲကြပြီး နှစ်ဆန်း
တစ်ရက်နေ့(မြန်မာနှစ်ဆန်းတစ်ရက်နေ့)တွင် သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း ၊
ခြေသည်း လက်သည်း လှီးဖြတ်သန့်ရှင်းပေးခြင်း ၊သက်ကြီးရွယ်အိုများအတွက် အမှန်တစ်ကယ်
လိုအပ်သော ဆေးဝါးပစ္စည်းများ ၊အသုံးအဆောင်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခြင်း ၊ပရိတ်တရား
တော်များနိုင်ငံအနှံ့ ရွတ်ဖတ်သရစ္ဖျာယ်ခြင်း ၊ဘေးမဲ့လွှတ်ပွဲများကျင်းပခြင်းတို့ဖြင့် သာယာကြည်နူး
မြတ်နိုးဖွယ်ကောင်းသော အလေ့စရိုက်တို့ဖြင့် ထုံမွှန်းလျှက်ရှိသော ပွဲတော်ကြီးတစ်ခုပင်ဖြစ်သည်။
ထိုကဲ့သို့ မြင့်မြတ်ကြီးကျယ်ခန်းနားသော ပွဲတော်ကြီးသည် မြန်မာအစိုးရ၏ သေးသိမ်ညံ့ဖျင်းသော
ဦးဆောင်မှုအောက်တွင် အရောင်မှေးမှိန်လျှက် မြန်မာနိုင်ငံ၏ ရေသဘင်ပွဲတော်သည် ထိုင်းနိုင်ငံ
နောက်မှကျင်းပသယောင် နိုင်ငံတစ်ကာအလည်တွင် သေးသိမ်လျှက်ရှိနေတော့ပေသည်။မြန်မာ့
နှစ်သစ်ကူးရေသဘင်ပွဲတော်ကို နိုင်ငံတစ်ကာမှ အသိအမှတ်ပြုခြင်းမရှိပေ။
နှစ်သစ်ကူးကာလ သင်္ကြန်အချိန်အခါရောက်ပြီဆိုသည်နှင့် လူတိုင်း၏ရင်ထဲတွင် ပျော်ရွှင်ကြည်နူး
မှုအရိပ်အငွေ့များ ဖြတ်သန်းဝင်ရောက်လာမြဲပင်။
နှစ်သစ်ကူးကာလ၌် ရုံးများ၊ဌာနဆိုင်ရာများ၊ရက်ရှည်ရုံးပိတ်ခြင်း၊ကျောင်းများနွေရာသီအားလပ်ရက်ဖြစ်
သောကြောင့် တစ်ချို့ဘာသာရေးကိုင်းရှိုင်းသူများ၊သင်္ကြန်ကာလကို ကြိမ်ဖန်များစွာ ဖြတ်သန်းကျော်
ဖြတ်ခဲ့ကြပြီး အရွယ်ရလာကြသောလူလတ်ပိုင်းပုဂ္ဂိုလ်များ၊အသက်အရွယ်ကြီးရင့်လာသောပုဂ္ဂိုံလ်များ
က ရက်ရှည်တရားစခန်းဝင်ခြင်း၊ဥပုသ်သီလရက်ရှည်စောင့်ထိမ်းခြင်းစသည့် ကောင်းမှုကုသိုလ်ပြုကျော်
ဖြတ်ကြသည်။မွန်မြတ်သောအမှုပင်ဖြစ်သည်။
ဒီနေ့ အလုပ်စောစောပြီး၍ penisula plaza ရှိ internet ဆိုင်သို့သွားပြီး ကြည်စိုး အမျိုးသမီး
စောစံ ၏ facebook ကို ဖွင့်၍ ပေါက်ကရ နောက်ပြောင်လျှောက်ရေးလိုက်သည်။ သူတို့ ကျွန်
တော်ရေးသမျှ ခံကြရသည်။ ကျွန်တော့်ကို ပြန်ခြေပ၍ မရသဖြင့် ဒီကောင်တွေ စိတ်ညစ်နေကြ
သည်။ ဟား...ဟား...ဟား........။
ကိုပီတာ ..... ခင်ဗျား..ကျွှန်တော့် blog ထဲကို ဝင်ပြီး ကလိ လိုက်တယ်မဟုတ်လား ?
မြန်မာသီချင်းတွေစုစည်းထားတဲ့ ခင်ဗျားကိုယ်တိုင် ကျွှန်တော့် blog ထဲထည့်ပေးထား
တဲ့ မြန်မာသီချင်းအကွက်ကလေး မရှိတော့ဘူး..?
ကျွှန်တော်လည်း အခုတစ်လော internet ဆိုင်ကိုမရောက်ဖြစ်ဘူး ဒီနေ့မှ အလုပ်အား
လို့ ဝင်ထိုင်ဖြစ်တာ...
ခင်ဗျားလည်းပျောက်သွားလိုက်တာ ..ဘယ်တွေရောက်လို့..ဘာတွေလုပ်နေတာလဲ..
ရန်ကုန်ပြန်သွားပြီလား...?
ကျွှန်တော့်ကိုသတိရရင် ကျွှန်တော့် blog ထဲ မှာ ခင်ဗျားအကြောင်း နည်းနည်းပါးပါး
ကျွှန်တော်သိရအောင် စာရိုက်ထည့်ပေးထားလိုက်...ခင်ဗျားကျွှန်တော့်ကို အကြွေး
၅ ဒေါ်လာ မပေးရသေးဘူးနော်...?
ဒီနေ့ Jan 5 ရက် အလုပ်နားသောကြောင့် နံနက် ၁၀ နာရီ အိပ်ယာမှထ ရေမိုးချိုးပြီး
Toa Payoh မြန်မာဘုန်းကြီးကျောင်းသို့ ဘုရားကန်တော့ခြင်း ၊ စင်ကာပူ ဘိုးဘိုးကြီး
ကန်တော့ခြင်း များပြုလုပ်ပြီး ဘတ်စ်ကား ၁၃၀ စီးပြီး Bugis ရှိ ယိုးဒယားလေးမျက်နှာ
ဘုရားအရင်ကန်တော့ပြီးနောက် ဥတိဘွား( Happy Buddha )နှင့် အမေ ကွမ်ရင်မယ်
်တော် ၊ အမေလပ်ခ်ျမီး ၊ အမေကာလီမံမ် မယ်တော်ကန်တော့ခြင်း များပြုလုပ်ပြီး ဘတ်စ်
ကား ၁၄၇ စီး၍ PENISULA PLAZA သို့ ထွက်လာခဲ့သည်။ PENISULA တွင် ကိုစော
ရောက်နှင့်နေပြီး ထမင်းအတူစားရန် စောင့်နေသည် ။သို့သော်လည်း မြန်မာအစားအစာ
များသည် ဈေးကြီးသောကြောင့် ကျွန်တော်အမြင်ကပ်၍ အားမပေးချင်သောကြောင့် ဈေး
နှုံးလည်းသင့်တင့် ကျွန်တော်လည်းကြိုက်သော Mc Donald ( Mc Spicy set ) Burger /
French Fried Potato/ Soft Drink စားသောက်ပြီး ကိုစောရှိရာသို့ထွက်လာခဲ့သည်။
ကျွန်တော်စားခဲ့သော Mc Spicy Set တစ်ပွဲမှ $ 5/50 သာပေးရသည်။ထို့ကြောင့်ကျွန်
တော်မကြာခဏစားဖြစ်သည်။
ဒီနေ့ jan ၄ ရက်နေ့ အလုပ်ပြီး၍ PENISULA PLAZA သို့သွား၍ မြနန္ဒာမြန်မာစားသောက်ဆိုင် တွင်ထမင်းစားပြီး ၃ ထပ်တွင် ကွမ်းယာဝယ်နေစဉ် မဥမ္မာနှင့်အမှတ်မထင်တွေ့ပြီး ပြန်လည် ရင်းနှီးစွာစကားပြန်လည်ပြောဆိုဖြစ်ခဲ့ကြသည်။မတွေ့တာကြာပြီဖြစ်သောကြောင့် စကားလက် ဆုံကျခဲ့ကြသည်။ ယခင်လိုပြန်လည်ရင်းနှီးခဲ့ကြသည်။
Jan 3 ရက် ဒီကနေ့ နံနက်၉း၃၀ အိပ်ယာကထ ရေမိုးချိုးပြီးအလုပ်သွားသူဌေးကသူ၏လော်လီကားဖြင့်စော၍
ထွက်သွားသောကြောင့်နောက်ကျသဖြင့်အလုပ်ရှိရာ AMG MO KIO သို့လိုက်သွားရသည်။အလုပ်ရှိ
ရာသို့နေ့လည် ၁၂ နာရီခန့်မှရောက်သည်။ညနေ ၂း၃၀ တွင်အလုပ်ပြီး၍ မြန်မာအများစုရှိရာ PENISULA
PLAZA သို့ ဘတ်စ်ကား ၈၅၁ စီး၍ထွက်လာခဲ့ကြသည်။ကျွန်တော်နှင့်အတူကရင်လူမျိုးကိုစောလည်းပါသည်။
နှစ်ယောက်သားPENISULA ရောက်တော့ မြနန္ဒာမြန်မာစားသောက်ဆိုင်တွင် ခေါက်ဆွဲကြော်တစ်ယောက်
တစ်ပွဲ စားကြပြီး ၅ထပ် INTERNET ဆိုင်တွင် INTERNET တစ်နေကုန်ထိုင်ကြည့်ကြသည်။