Jan 3 ရက် ဒီကနေ့ နံနက်၉း၃၀ အိပ်ယာကထ ရေမိုးချိုးပြီးအလုပ်သွားသူဌေးကသူ၏လော်လီကားဖြင့်စော၍
ထွက်သွားသောကြောင့်နောက်ကျသဖြင့်အလုပ်ရှိရာ AMG MO KIO သို့လိုက်သွားရသည်။အလုပ်ရှိ
ရာသို့နေ့လည် ၁၂ နာရီခန့်မှရောက်သည်။ညနေ ၂း၃၀ တွင်အလုပ်ပြီး၍ မြန်မာအများစုရှိရာ PENISULA
PLAZA သို့ ဘတ်စ်ကား ၈၅၁ စီး၍ထွက်လာခဲ့ကြသည်။ကျွန်တော်နှင့်အတူကရင်လူမျိုးကိုစောလည်းပါသည်။
နှစ်ယောက်သားPENISULA ရောက်တော့ မြနန္ဒာမြန်မာစားသောက်ဆိုင်တွင် ခေါက်ဆွဲကြော်တစ်ယောက်
တစ်ပွဲ စားကြပြီး ၅ထပ် INTERNET ဆိုင်တွင် INTERNET တစ်နေကုန်ထိုင်ကြည့်ကြသည်။