ဒီနေ့ Jan 5 ရက် အလုပ်နားသောကြောင့် နံနက် ၁၀ နာရီ အိပ်ယာမှထ ရေမိုးချိုးပြီး
Toa Payoh မြန်မာဘုန်းကြီးကျောင်းသို့ ဘုရားကန်တော့ခြင်း ၊ စင်ကာပူ ဘိုးဘိုးကြီး
ကန်တော့ခြင်း များပြုလုပ်ပြီး ဘတ်စ်ကား ၁၃၀ စီးပြီး Bugis ရှိ ယိုးဒယားလေးမျက်နှာ
ဘုရားအရင်ကန်တော့ပြီးနောက် ဥတိဘွား( Happy Buddha )နှင့် အမေ ကွမ်ရင်မယ်
်တော် ၊ အမေလပ်ခ်ျမီး ၊ အမေကာလီမံမ် မယ်တော်ကန်တော့ခြင်း များပြုလုပ်ပြီး ဘတ်စ်
ကား ၁၄၇ စီး၍ PENISULA PLAZA သို့ ထွက်လာခဲ့သည်။ PENISULA တွင် ကိုစော
ရောက်နှင့်နေပြီး ထမင်းအတူစားရန် စောင့်နေသည် ။သို့သော်လည်း မြန်မာအစားအစာ
များသည် ဈေးကြီးသောကြောင့် ကျွန်တော်အမြင်ကပ်၍ အားမပေးချင်သောကြောင့် ဈေး
နှုံးလည်းသင့်တင့် ကျွန်တော်လည်းကြိုက်သော Mc Donald ( Mc Spicy set ) Burger /
French Fried Potato/ Soft Drink စားသောက်ပြီး ကိုစောရှိရာသို့ထွက်လာခဲ့သည်။
ကျွန်တော်စားခဲ့သော Mc Spicy Set တစ်ပွဲမှ $ 5/50 သာပေးရသည်။ထို့ကြောင့်ကျွန်
တော်မကြာခဏစားဖြစ်သည်။