special page

 မိခင်ရဲ့ နို့ရည်ကို သောက်စို့ကြီးပြင်းလာခဲ့ရတဲ့ ငါတို့အတွက် မိခင်ရဲ့ကျေးဇူးဟာ ဘယ်လောက်အထိကြီးမားကျယ်ပြန့်တယ်ဆိုတာ ငါ့ညီစဉ်းစားမိတာနဲ့တင် ရင်တွေတစ်လှပ်လှပ်ခုန်ပြီး .....
 အိုမင်းရင့်ရော်နေတဲ့.....အမေ့ရဲ့ မျက်နှာကိုမြင်ယောင်လာမိတယ်........................။
အမေ့ရဲ့ဆိုဆုံးမတဲ့စကားသံတွေ......အမေ့ရဲ့သားချော့တေးသံတွေ ........အမေ့ရဲ့ သားဆိုးလေးကို ငေါက်ငမ်းသံတွေ ......အမေရဲ့ နောက်ပြောင်ကျီစယ်သံတွေ.......အမေ့ရဲ့လှုပ်ရှားသွားလာပုံတွေ....
အမေ့ရဲ့ အရိပ်တွေ......အားလုံးမျက်စိထဲမှာ...ကြားယောင်..မြင်ယောင်လာပြီး.........
သြော်........ငါဟာ..အမေ့အတွက်ဘာများအသုံးကျခဲ့သလဲ.....ငါဟာ....အမေ့အတွက်ဘာများလုပ်ပေးခဲ့သလဲ..
....အမေစိတ်ချမ်းသာအောင်...ငါနေထိုင်ခဲ့ဖူးသလား....အဲ့ဒါတွေကို..သေချာစဉ်းစားကြည့်မိတိုင်း...
ရင်နင့်အောင်ခံစားရတယ်....မျက်ရည်ကျခဲ့ရတယ်..........။
        သားတွေသမီးတွေ...မိခင်ရင်ခွင်ကို..စုံကန်ထွက်ပြီး....အိမ်ထောင်ရက်သားကျ....အသက်တွေကြီးရင့်လာ
ပေမဲ့လဲ....အမေကတော့.......သူ့သား....သူ့သမီးတွေကို....ကလေးလို့ထင်နေတုန်း...အမြင်မတော်တာတွေ့ရင်
ငယ်ငယ်ကအတိုင်း...ပြောဆိုဆုံးမ...ကြိမ်းမောင်းတုန်း...စားကောင်းသောက်ဖွယ်တွေဆိုရင်လဲ.....သားသမီး
တွေကို အရင်စားစေပြီး...ကျန်တာမှအမေ့ခမျာ...စားရရှာတယ်............
သားသမီးတွေစားလိုက်လို့...အမေမစားရလဲကိစ္စမရှိ...သားသမီးတွေ..မြိန်ရေ...ယှက်ရေစားနေကြတာကို..
.မြင်ရတာနဲ့တင် အမေ့မှာပီတိတွေဖြစ်ပြီး......ရင်တွေပြည့်နေတော့တယ်............။
      လိမ္မာတဲ့....သားသမီးရှိတဲ့အမေကတော့.....ငါ့သား...ငါ့သမီး....တော်ကြောင်းလိမ္မာကြောင်း......အမေ့မှာ
ထမင်းမစားရလဲအရေးမကြီး....ရေမသောက်ရလဲကိစ္စမရှိ....တွေ့တဲ့လူတိုင်းကို ကြွားမဆုံးတစ်ပြုံးပြုံး.........။
      အစ်ကို့စကားကြားရတာနဲ့တင်.....ကျွန်တော့်ရင်တွေ ...မွန်းကျပ်လာပြီး......မျက်ဝန်းမှာ...မျက်ရည်ဥ
လေးများပင် တွဲခိုစီးကျလို့လာပါတော့တယ်...............။
     မစိုပြည်တော့ပဲ...ပိန်လှီချောက်ကပ်နေတဲ့အမေ့ရဲ့ခန္ဓာကိုယ်.........ဖြူဖွေးနေတဲ့..အမေ့ရဲ့ဆံပင်.....
မပြည့်စုံတော့တဲ့...အမေ့ရဲ့သွားများ.........လေးလံနှေးကွေးနေပြီဖြစ်တဲ့...အမေ့ရဲ့သွားလာလှုပ်ရှားမှု.....
ပါးရေနားရေတွေတွန့်နေပေမဲ့လဲ..........အမေရဲ့ဖြူစင်တဲ့အပြုံး.......သားသမီးတွေကိုကြည့်တဲ့...အမေ့ရဲ့
မျက်ဝန်းတစ်စုံရဲ့နောက်မှာ.......တန်ဖိုးမဖြတ်နိုင်တဲ့...အကြင်နာ.....မေတ္တာတရားတွေနဲ့ပြည့်နှက်နေတယ်
ဆိုတာ......အခုမှ...ကျွန်တော့်အာရုံထဲ..ပျက်ပျက်ထင်ထင်....မြင်ယောင်လာမိတော့တယ်...............။
     အမေ........အမေကျန်းမာပါစေ......အမေ....သားတို့မျက်စေ့အောက်က....ထွက်မသွားပါနဲ့ဦး......
သားအမေ့ကို...ရိုသေယို့ကျိုး...အမြဲတမ်းကန်တော့ခွင့်...ရပါရစေ........ပြုစုလုပ်ကျွေးခွင့်ရပါရစေ................
အမေမျက်ကွယ်မပြုခင်.........အမေသားတို့ကိုကျောမခိုင်းခင်..........အမေ့ကို.......ပြုစုခွင့်.......လုပ်ကျွေးခွင့်
ကန်တော့ခွင့်.......ကျေးဇူးပြုခွင့်လေးတော့.......ဘဝမှာ.....ဖြစ်နိုင်မယ်ဆိုရင်....ရချင်ပါတယ်......ရင်တွင်းမှာ
အသိစိတ်မှာ.....ကြီးမားတဲ့ဆန္ဒတို့.....ဖြစ်ထွန်းလို့လာပါတော့တယ်.............။
အမေ့ရဲ့နောက်ကွယ်မှာ....ဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့.....ဘယ်လောက်ပဲ မိုက်ခဲ့ မိုက်ခဲ့.......အမေ့ရဲ့ ရင်ခွင်
ထဲရောက်တဲ့အခါ.....ကလေးတစ်ယောက်လို....ပြန်ဖြစ်သွားတော့တာပါပဲ......
    အမေ့ရဲ့....စွမ်းအားဟာအင်မတန်...ကြီးမားလှပါတယ်...........။
အမေ့ရဲ့...ကျေးဇူးတရားတွေ...အမေ့ရဲ့...မေတ္တာတရားတွေ.....တွေးမိရင်....ရင်နဲ့မချိအောင်
ခံစားရပါတယ်.............
သားသမီးတွေကို...လိမ္မာဖို့တစ်ဖွဖွ ဆုံးမခဲ့တဲ့အမေ.........လောကကြီးအကြောင်းကို....လမ်းပြခဲ့တဲ့အမေ....
အရာရာတိုင်း...အင်အားကြီးမားတဲ့အမေ......လောကဓံတရားကို...ကြံ့ကြံ့ခံရုန်းကန်လှုပ်ရှားခဲ့ရတဲ့အမေ.....
အမေ....စိတ်ချမ်းသာပါစေ........။
အမေဘွဲ့သီချင်းတွေကြားရတိုင်း.....သားမျက်ရည်ဝဲရတယ်......ဒုက္ခရောက်တိုင်းအမေ့ကို.....တမိတယ်..........
အဆင်မပြေတိုင်း...အမေ့ကို....သတိရတယ်....ဘာ့ကြောင့်ဆို....အမေ့အရိပ်အောက်မှာ...အရာရာပြည့်စုံ
တယ်လေ....မဟုတ်လား..........။
လောကကြီးမှာ.....မိဘအတွက်....မိုက်တဲ့သားသမီး ရှားပါတယ်.....
သားသမီးအတွက်...မိုက်တဲ့...မိဘပဲ..များပါတယ်..........။
သားထင်တယ်အမေ....ဒီအချိန်ဆို....အမေသားကိုအရမ်းသတိရနေမယ်ဆိုတာ.......အခုဆို...ရန်ကုန်မှာ
မိုးတွေအရမ်းရွာနေမှာပေါ့နော်...
သားက...မိုးကြိုးတွေပစ်...လျှပ်စီးတွေလက်ရင်......အရမ်းကြောက်တတ်တော့...အမေ့ရင်ခွင်ထဲ....အကြောက်
ပြေအောင်..ထွေးပွေ့ထားတတ်တဲ့.....အမေ့ရဲ့ရင်ခွင်..............နွေးထွေးလုံခြုံလှပါတယ်.....။
ဒီမှာလည်းမိုးတွေအရမ်းရွာနေတယ်အမေ.....မိုးကြိုးတွေပစ်တိုင်း....လျှပ်စီးတွေလက်တိုင်း.....နွေးထွေးလုံ
ခြုံပြီး...ငြိမ်းချမ်းလှတဲ့...အမေ့ရဲ့ရင်ခွင်ကို.....ခုအချိန်မှာ.....အဝေးတစ်နေရာက....သားတစ်ယောက်....
နာကျင်ကြေကွဲစွာ......လွမ်းဆွတ်သတိရနေမိတယ်......ကြေကွဲတမ်းတနေမိတယ်.......
အမေလည်း......သားကိုသတိရနေမှာပေါ့နော်......သားလေးအတွက်စိုးရိမ်သောကပွေနေမှာပေါ့နော်......
အမေ့ရဲ့.....ကြီးမားနှိုင်းဆမရတဲ့.....မေတ္တာတရားကို.....သားလေးနားလည်ပါပြီအမေ.....သားလေး...အမေ့
ကိုအဝေးတစ်နေရာကနေ...မှန်းမျှော်ကန်တော့လိုက်ပါတယ်အမေ.................။
အမေ....ကျန်းမာပါစေ......အမေစိတ်ချမ်းမြေ့ပါစေ...........သံသရာမှ....လွတ်မြောက်ရာအမှန်....မြတ်နိဗ္ဗာန်
ကို......ကျင့်ကြံအားထုတ်.......လွတ်မြောက်နိုင်ပါစေ.....ကျေးဇူးကြီးမားလှတဲ့အမေ.................။.....။......။

စာမျက်နှာ ၃၂

ကိုထွန်းဝင်းသည် ဘိုကလေးမြို့နယ် ကမကလူကျေးရွာတွင်မွေးဖွားကြီးပြင်းလာခဲ့ရသည် ။ဆင်းရဲသော
မိဘနှစ်ပါးမှပေါက်ဖွားလာခဲ့ရသောကြောင့် မွေးကတည်းက ဆင်းရဲချို့တဲ့ခဲ့ရသည်။မွေးချင်း မည်မျှ
ရှိသည်ကို မသိရသော်လည်း သူ့တွင်ညီရင်းအစ်ကို အစ်မများရှိပုံရသည်။လူမှန်းသိတတ်စ အရွယ်
ကတည်းကကြုံရာကျပမ်း လုပ်ကိုင်စားသောက်နေထိုင်ခဲ့ရသည်။သူသည်မည်သည့်အလုပ်မဆို မရှက်မ
ကြောက် ရိုးသားကြိုးစားစွာ လုပ်ကိုင်တတ်ခြင်းကြောင့် သူ့ကိုအလုပ်ပေးမည့်သူမရှားပေ။ကိုထွန်းဝင်းသည်
အနေဆင်းရဲ အစားဆင်းရဲသော်လည်း စိတ်ဓါတ်ကြံ့ခိုင်ကြွယ်ဝသော လူတော်လူကောင်းတစ်ယောက်ပင်။
သစ္စာရှိသည် ဇွဲလုံ့လရှိသည် အလုပ်ကြိုးစားသည် မလိမ်မညာ မခိုးမဝှက်တတ် စိတ်စေတနာကောင်းမွန်
ပြီးကူညီနိုင်မည့် မည်သည့်ကိစ္စမဆို ကူညီလုပ်ကိုင်ပေးရန် အစဉ်တစ်စိုက်ကြိုးပမ်းအားထုတ်သူ ဖြစ်သည်။
ဘာသာတရား ရိုသေကိုင်းရှိုင်းပြီး ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကို သနားညှာတာတတ်သော
သူ့၏ စိတ်ရင်းကြောင့် လူတိုင်းက သူ့ကိုချစ်ခင်လေးစားသည်။ဘဝစုံသည် လူစုံနှင့်ပေါင်းသင်းဖူးသည်။
အတွေ့အကြုံရင့်ကျက်ပြီး ဗဟုသုတနှံ့စပ်သည်။စကားပြောဆိုရာတွင် ထိန်းသိမ်းပြီး ရှေ့နောက်ဆင်ခြင်
သုံးသပ်ပြောတတ်သည် ။အရေးကြီးသော အကြောင်းအရာကိစ္စ တစ်ခု အလုပ်အကိုင်ကိစ္စ တစ်ခု
 လုပ်တော့မည်ဆုံးဖြတ်တော့မည်ဆိုပါက ဘက်စုံထောင့်စုံမှ ဆိုးကွက်ကောင်းကွက်များကို လေ့လာ
သုံးသပ်ပြီး လုပ်ကိုင် ဆုံးဖြတ်တတ်သည် ။
မမှားသောလူ မရှိနှိုင်သလို (မမှားသောရှေ့နေ မသေသောဆေးသမားကဲ့သို့ )အမှားနှင့် မည်သူမှ
မကင်းနှိုင် ။သို့သော် ကိုထွန်းဝင်းသည် ကြီးကြီးမားမား အမှားအယွင်းကင်းခဲ့သည် ။
       ကိုထွန်းဝင်းသည် ဧရာဝတီတိုင်း ဘိုကလေးမြို့ မှ ရေကြည်ရာမျက်နုရာ မြန်မာပြည်တောင်ဖက်
စွန်း ကော့သောင်းမြို့သို့ဆင်းပြီး ကြုံရာကျပမ်း လုပ်ကိုင်အသက်မွေးသည် ။ သူသည်ကော့သောင်းမြို့တွင်
အင်္ကျီချုပ်ခြင်း ၊ငါးဖမ်းစက်လှေလိုက်ခြင်း ၊ကြိမ်ခုတ်စက်လှေလိုက်ခြင်း ၊ထိုင်းနိုင်ငံဖက်သို့သွားပြီး စားသောက်ကုန်လုပ်ငန်းစက်ရုံ ၊ငါးမုန့်စက်ရုံ ၊ငပိ ငံပြာရည်စက်ရုံ ၊များတွင် လုပ်ကိုင်ရင်း ၂နှစ်ခန့်
့ကြာသောအခါ သူဌေး ဦးဇော်ဦး ပိုင်ဆိုင်သောငါးဖမ်း စက်လှေတွင် အောက်ခြေသိမ်းအလုပ်သမား
အဖြစ် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။သို့သော် သူ့အလုပ်ရှင်သူဌေး မည်သူမည်ဝါ ဆိုသည်ကို ထိုအချိန်က ကိုထွန်းဝင်းတစ်ယောက် မသိရှိသေးပေ ။ငါးဖမ်းစက်လှေလိုက်ရာတွင် အလွန်ပင်ပန်းသော်လည်း ကိုထွန်းဝင်းတစ်ယောက် မငြီးမငြူ ရိုးသားကြိုးစားစွာ လုပ်ကိုင်သောကြောင့် လုပ်ဖေါ်ကိုင်ဖက်များ ၊
ဘဝတူ အလုပ်သမားများမှအစ လှေသူကြီး ( ပဲ့နင်း ) အဆုံး သူ့ကိုချစ်ခင်လေးစားကြသည် ၊ သနားညှာတာကြသည် ၊ ကူညီစောင့်ရှောက်ကြသည် ။ထိုကဲ့သို့ ကိုထွန်းဝင်းတစ်ယောက် ငါးဖမ်းစက်လှေ
တွင် ၅ နှစ်ခန့် ကြာလာသောအခါ  လှေလိုက်သော လောကတွင် အတော်လေးကျွမ်းကျင်နှံ့စပ်လာပြီး
ကိုထွန်းဝင်း၏ ဂုဏ်သတင်းမှာ ကော့သောင်းမြို့တွင်ပျံ့သင်းလွင့်ပျံ့လျှက် အပေါင်းအသင်းမိတ်ဆွေ များလည်းပေါများ လာခဲ့တော့သည်။သူသည် ပညာမတတ်သော်လည်း မာန်မာနမရှိ အပျော်အပါး
 လောင်းကစားမရှိ။လူတိုင်းကသူ့ကို ချစ်ခင်လေးစားကြသည် ။
           သူ၏ ဘွဲ့ထူးဂုဏ်ထူး များဖြစ်သော ရိုးသားခြင်း ၊ ကြိုးစားခြင်း ၊သစ္စာရှိခြင်း တို့ကြောင့် ထိုက်
တန်သော အလုပ်တစ်ခုကို စက်လှေများစွာပိုင်ဆိုင်သော ကော့သောင်းမှ သူဌေးတစ်ယောက်ထံတွင်
ရရှိသည် ။
             ကံကောင်းချင်တော့ သူဌေးဦးဇော်ဦးနှင့် ထိုင်းနှိုင်ငံမှ ထိုင်းလူမျိုးသူဌေးတစ်ဦး စပ်တူပူးပေါင်း
၍စက်လှေတစ်စီး တည်ထောင်လုပ်ကိုင်ရန် အကြောင်းဖန်လာသည် ။ထိုင်းလူမျိုးသူဌေးက ငွေကြေးတစ်
ဝက်စိုက်ထုတ်၍ လုပ်ငန်းပူးပေါင်းလုပ်ကိုင်ရန် ဦးဇော်ဦးနှင့်တိုင်ပင်သည် ။ဦးဇော်ဦးဖက်မှ လှေတွင်လိုက်ပါ
လုပ်ကိုင်မည့် အလုပ်သမားများနှင့် မြန်မာနှိုင်ငံဖက်မှ ဈေးကွက်ဝင် ပစ္စည်းများဖြစ်သော ကြိမ် ၊ သစ် နှင့်
အခြားရေထွက်ပစ္စည်းများ ကို တာဝန်ယူရ၍ ထိုင်းသူဌေးကလည်း ဈေးကွက်ဝင်မည့် အချိုရည်ဗူးများ ၊
စားသောက်ကုန်ပစ္စည်းများ နှင့် အခြားတန်ဖိုးကြီး ကျောက်မျက်ရတနာများကို တာဝန်ယူ၍ကူးသန်းရောင်း
ဝယ်ရန်နှစ်ဦးသဘောတူညီ လုပ်ကိုင်ကြသည်။
            ထိုစက်လှေသည် ကော့သောင်းမှ ထိုင်း ၊မလေးရှား ၊စင်္ကာပူ နိုင်ငံတို့သို့  တရားမဝင် မှောင်ခို
ကူးသန်းရောင်းဝယ် လုပ်ကိုင်ခြင်းဖြစ်သည် ။ထိုအချိန်က မလေးရှား ၊ စင်္ကာပူနိုင်ငံတို့တွင် လုံခြုံရေးစနစ်
များ မတိုးတက်သေး ခေတ်မမှီသေးသောကြောင့်  အန္တရာယ်မရှိပေ ။ တော်တော်လည်း စီးပွါးရေး
တွက်ခြေကိုက်၍ အမြတ်အစွန်းလည်း များစွာရရှိခဲ့ပါသည်။ထိုစက်လှေတွင် ကိုထွန်းဝင်းသည် သူ၏ ရိုးသား
ကြိုးစား သစ္စာရှိခြင်း ဂုဏ်သတင်းတို့ကြောင့် သူဌေးဦးဇော်ဦးမှ ရွေးချယ်၍  လှေဦးစီးရာထူးကို ပေးအပ်
လုပ်ကိုင် စေခဲ့ခြင်းဖြစ်သည် ။ကိုထွန်းဝင်းကလည်း ရိုးသားခြင်း ၊ ကြိုးစားခြင်း ၊သစ္စာရှိခြင်းများကို နေ့စဉ်
နှင့်အမျှ မပြုလုပ် မထိမ်းသိမ်းရလျှင် စားမဝင် အိပ်မပျော်သော လူတစ်ယောက်ြ်ဖစ်သောကြောင့် သူ့ကို
သူဌေးနှစ်ယောက်စလုံးက ယုံကြည်သည်ထက်ယုံကြည်ကာ စက်လှေတစ်စီးလုံး ဝကွက် အပ်နှံလိုက်
သဖြင့် ကိုထွန်းဝင်းလည်း ပိုမိုကြိုးစားလုပ်ကိုင်ခဲ့သောကြောင့် သူဌေးနှစ်ဦးလည်း စီးပွါးဖြစ် သူ့ဘဝလည်း
 သာယာစိုပြည် လာခဲ့တော့သည် ။
              အိမ်ထောင်ကျပြီး သားသမီးများ  ရရှိနေပြီဖြစ်သော ကိုထွန်းဝင်းသည် ဝင်ငွေများများ ရနှိုင်မည်
ထင်သောအလုပ်များကိုပြောင်းရွှေ့လုပ်ကိုင်ရာမှ ငါးဖမ်းစက်လှလိုက်ခြင်း ၊မှောင်ခိုစက်လှေလိုက်ခြင်း များ
ကို လုပ်ကိုင်ခွင့် ကြုံကြိုက်လာခဲ့ရသည်။ရရှိလာသော ငွေကြးလေးများကို စုဆောင်းသိမ်းဆည်း၍ ရွာသို့
တစ်ခေါက်ပြန်ပြီး မိဘများကို ကန်တော့ရန် ရည်မှန်း၍ အလုပ်များကို ပိုမိုကြိုးစား ရုန်းကန်လှုပ်ရှား နေခဲ့
သည် ။
                ကိုထွန်းဝင်း ကော့သောင်းမြို့သို့ ရောက်ပြီး ၃ နှစ်ခန့်အကြာတွင် သူအလုပ်လုပ်သော အင်္ကျီ
ချုပ်ဆိုင်၏ မျက်စောင်းထိုးရှိ အမျိုးသမီးကော်ကပ်အပ်ချုပ်ဆိုင်မှ ထားဝယ်သူ မမူမူထွေး နှင့် လူငယ်ဘာဝ
ချစ်ကြိုက်ခဲ့ကြသည်။မမူသည် မိခင် ၊ညီမဖြစ်သူ သမီးတစ်ယောက်မိခင် တို့နှင့်အတူ နေထိုင်၍ ကော့
သောင်းဈေးထဲတွင် ဆိုင်ခန်းငှားပြီး ညီအစ်မနှစ်ယောက်အင်္ကျီချုပ်ဆိုင်ဖွင့်၍ အေးချမ်းစွာလုပ်ကိုင်နေထိုင်
သူများဖြစ်သည်။ညီမဖြစ်သူ၏ ခင်ပွန်းမှာ လှေလိုက်ရင်း မုန်တိုင်းမိ၍ စက်လှေမှောက်ပြီး ဘဝဆုံးခဲ့ရသဖြင့်
သမီးတစ်ယောက်နှင့် ငယ်ငယ်ရွယ်ရွယ် မုဆိုးမဖြစ်ခဲ့ရရှာသည် ။ကိုထွန်းဝင်းနှင့်မမူတို့ သမီးရည်းစားဖြစ်ပြီး
တစ်နှစ်ခန့်အကြာ မိဘများကိုအသိပေး၍ နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုး၍ လက်ထပ်ခဲ့ကြသည်။
မမူ၏ မိသားစုကလည်း ကိုထွန်းဝင်း၏ စိတ်ဓါတ်ကိုသိသဖြင့် ကန့်ကွက်ခြင်းမရှိပေ။လက်ထပ်ပြီးတစ်နှစ်ခန့်
့ကြာသာအခါ သမီးလေးတစ်ယောက် ထွန်းကားလာခဲ့ကြသည်။ထိုအချိန်အထိ ကိုထွန်းဝင်းမှာ မိဘဆွေမျိုး
များထံသို့ တစ်ခေါက်တစ်လေပင်မပြန်ဖြစ်ခဲ့ရရှာ။မကြာခဏ မိဘများထံသို့ စာမှန်မှန်ရေးပြီး နေထိုင်
ကောင်းကြောင်း ၊အလုပ်အကိုင်များ အဆင်ပြေ၍ အိမ်ထောင်လည်းကျ သမီးလေးတစ်ယောက်လည်းရရှိ
နေပြီး ရွာမှထွက်လာသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်သောကြောင့် အဖေ အမေ နှင့် ညီအစ်ကိုမောင်နှမများကို
အထူးသတိရကြာင်း မကြာခင် သမီးလေးနှင့်ဇနီးတို့ကိုပါခေါ်လာ၍ ရွာသို့ပြန်လာပြီး မိဘများကိုကန်တော့
မည်ဟုသာ စာမှန်မှန်ရေးနေရရှာသည်။
               ကိုထွန်းဝင်းတစ်ယောက်  အတော်အသင့် စုမိဆောင်းမိ ရှိသောအခါ ရွာသို့ပြန်ရန်
စိုင်းပြင်းခဲ့သည်။မိဘနှစ်ပါးအတွက် ဆေးဝါးများ ၊အသုံးအဆောင်ပစ္စည်းများ ၊ငပိ ငါးခြောက် ငံပြာရည်မှ
အစ ယိုးဒယားပစ္စည်းများကို တစ်နင့်တစ်ပိုး ဝယ်ယူ၍ မိသားစုနှင့်အတူ ဘိုကလေးသို့ထွက်လာခဲ့တော့
သည်။ဘိုကလေးရောက်တော့ ကွဲကွာနေရတာကြာပြီဖြစ်သော မိဘနှစ်ပါးကို လက်ဆောင်ပစ္စည်းများဖြင့်
ကန်တော့သည်။ကျန်ညီအစ်ကိုမောင်နှမများကိုလည်း လက်ဆောင်ပစ္စည်းများကိုလည်း ထိုက်သင့်သလို
ပေးသည် ။ရွာတွင်ကျန်ရစ်သော မိဘနှစ်ပါးမှာလည်း လိမ္မာသိတတ်သော သား၏ရိုသေလေးစားမှု့ ၊ မိဘ
ကျေးဇူးအထူးသိတတ်မှု့တို့ကြောင့် မိဘနှစ်ပါးမှာလည်း ပျော်ရွှင်ကြည်နူးဝမ်းမြောက်လျှက် သား ၊ချွေးမနှင့်
မြေးမလေးတို့ကိုဖက်၍ ငိုကြွေးနေရှာသည် ။ကျန်ညီအစ်ကိုမောင်နှမများကလည်း ထိုမြင်ကွင်းကို ကြည့်
ရင်း သူတို့၏ ရင်တွင်း၌ လှိုက်လှိုက်လှဲလှဲ ခံစားကြရပြီး ဖြေမဆည်နှိုင်ကြ ။မျက်ဝန်းအစုံတွင် မျက်ရည်စ
များပင်တွဲခိုလို့  ရင်နင့်ကြေကွဲနေကြရရှာသည် ။
                   ကိုထွန်းဝင်းသည် ရွာမှအိမ်ကိုရောင်း၍ မိမိတွင်စုဆောင်းထားရှိသော ငွေနှင့်ပေါင်းပြီး
ဘိုကလေးမြို့ပေါ်တွင် အိမ်တစ်လုံးဝယ်ယူ၍ မိဘနှစ်ပါးနှင့် ညီအစ်ကိုမောင်နှမများကို ပြောင်းရွှေ့နေထိုင်
စေသည် ။မိဘနှစ်ပါး ရွာတွင် ဆင်းဆင်းရဲရဲ နေရသည်ကို မကြည့်ရက်သော ကိုထွန်းဝင်း၏စိတ်ဓါတ်ကို
တစ်ရွာလုံး ချီးကျူးမဆုံး တစ်ပြုံးပြုံးဖြင့် ကောင်းချီးပေးကြသည် ။မိဘကျေးဇူး အထူးသိတတ်သောသား
ရှာမှရှား ဒီသားဟူ၍ မိဘနှစ်ပါးမှာလည်း  တစ်ရွာလုံးသို့ကြွားမဆုံးတော့ချေ ။တစ်ရွာလုံးကလည်း မျက်မြင်
သိရှိပြီးဖြစ်သည်မို့ နားလည်လက်ခံပေးကြသည် ။ ငါတို့မှာလည်း ဒီလို သိတတ်လိမ္မာသော သားသမီးလေး
တစ်ယောက်လောက်ရှိလျှင် ကောင်းမည်ဟု တစ်ရွာတည်းနေသူ မိတ်ဆွေများက မြည်တမ်းကြသည် ။အ
တော်ပင် ဝမ်းမြောက်ကြည်နူးချမ်းမြေ့ဖွယ်ပင် ။ကိုထွန်းဝင်းသည် မိဘဆွေမျိုးများနှင့် ၃လခန့်နေထိုင်ပြီး
ဇနီးနှင့်သမီးကိုခေါ်၍ ကော့သောင်းမြို့သို့ပြန်လာခဲ့ကြတော့သည် ။
                     ကိုထွန်းဝင်း ကော့သောင်းမြို့သို့ရောက်သည်နှင့် ဘိုကလေးမြို့မှ မိမိတတ်နှိုင်သမျှဝယ်
ယူလာသော စားသောက်စရာများ ၊ဆေးဝါးပစ္စည်းများကို သူဌေးဦးဇော်ဦးထံသွား၍ ကန်တော့ရင်း မိဘရပ်ထံမှ ပြန်လည်ရောက်ရှိကြောင်းနှင့် လှေလိုက်ရန် အသင့်ဖြစ်ပြီဖြစ်ကြောင်း အသိပေး၍ သူဌေးနှင့်
နှစ်ဦးသား နေ့ကောင်းရက်မြတ်ရွေးချယ်ပြီး လှေထွက်ရမည့်ရက်ကို သတ်မှတ်ညှိနှိုင်းကာ အိမ်သို့ပြန်လာ
ခဲ့တော့သည်။
               ကိုထွန်းဝင်း၏ တာဝန်မှာ  လှေပေါ်တွင် တင်ဆောင်လာသော ကုန်ပစ္စည်းများကိုစာရင်းနှင့်
တစ်ကွ စင်္ကာပူဆိပ်ကမ်းတွင်လည်းကောင်း ၊ မလေးရှားဆိပ်ကမ်းတွင်လည်းကောင်း သူဌေးနှစ်ဦး၏
လူယုံတော်များကို ပေးအပ်ရပြီး သူဌေးလူယုံတော်များမှ ကုန်ပစ္စည်းများ၏ တန်ဖိုးကို ကိုထွန်းဝင်းထံ
 ပြန်လည်ပးအပ်ရသည်။ကိုထွန်းဝင်းက ရရှိလာသောငွေကြေးများကို လှေလုပ်သားများအား လစာငွေ
ရှင်းစရာရှိက ရှင်းပေးရခြင်း ၊လမ်းခရီးအတွက် စားနပ်ရိက္ခာ ဝယ်ယူခြင်း ၊မြန်မာပြည်အပြန်ခရီးအတွက်
ဈေးကွက်ဝင်မည့်ပစ္စည်းများ ၊တွက်ချေကိုက်မည့်ပစ္စည်းများကို ဝယ်ယူတင်ဆောင်လာခြင်းစသည့် တာ
ဝန်များ ဦးဆောင်လုပ်ကိုင်ရသည်။မြန်မာပြည် ကော့သောင်းမြို့သို့  ပြန်လည်ရောက်ရှိသည်နှင့် သူဌေး
နှစ်ဦးနှင့်တွေ့ဆုံ၍ ဝယ်ယူတင်ဆောင်လာသောပစ္စည်းများ ၊ရငွေ သုံးစွဲငွေ ၊လက်ကျန်ငွေ စသည့်တို့ကို
စာရင်းအင်းနှင့်တစ်ကွ ပြန်လည်ပေးအပ်ရသည်။သူဌေးနှစ်ဦးက ကိုထွန်းဝင်းအတွက် လုပ်ခလစာငွေနှင့်
ဘောက်ဆူးများကို  ပြန်လည်ပေးအပ်သည်။တစ်ခါတစ်ရံ နှစ်ကြောင်း သုံးကြောင်းခန့်ကြာမှ စာရင်းရှင်း ရသည့်  အကြိမ်များလည်းရှိသည် ။
                ကော့သောင်းမှ စက်လှေပေါ်သို့ ကုန်ပစ္စည်းများ  တင်ဆောင်ခြင်းအလုပ်မှာ ၅ ရက်ခန့်
ကြာမြင့်သည်။ထိုနောက် ကော့သောင်းမှကုန်ပစ္စည်းများ တင်ဆောင်ပြီး ထိုင်းနိုင်ငံ ရနောင်းတွင် ၃ ရက်
ခန့်ကုန်ပစ္စည်းများ တင်ဆောင်၍   ကော့သောင်းမှ ထိုင်း ၊ မလေးရှား ၊စင်္ကာပူ နိုင်ငံများသို့ ခရီးစတင်ခဲ့ကြ
ပြီး တစ်ဖန် စင်္ကာပူမှ မလေးရှား ၊ထိုင်း ၊ကော့သောင်းသို့  ပြန်လည်ခရီးနှင်လာခဲ့ကြရာ တစ်ကြောင်းလျှင်
ရက် ၂၀ ခန့်ကြာမြင့်သည် ။
               ဒီတစ်ခေါက် ကော့သောင်းမှ စက်လှေ စတင်ထွက်ခွာလာခဲ့ချိန်မှ ယနေ့အချိန်အထိ  ၃ လခန့်  ကြာမြင့်ခဲ့သည်အထိ သူဌေးဦးဇော်ဦး နှင့်ထိုင်းသူဌေး တို့အား စာရင်းရှင်းစရာရှိသည်များကိုပင် မရှင်းနိုင်
မလင်းနိုင်သေးပဲ အမေရိကန်ဒေါ်လာများ ၊စင်္ကာပူဒေါ်လာများ ၊မလေးရင်းဂစ်များ ၊စိန်ရွှေ ရတနာ ပစ္စည်း
များကို ထိန်းသိမ်းထားရသောကြောင့် ကိုထွန်းဝင်း တစ်ယောက် ခေါင်းကြီးနေရရှာသည် ။ပစ္စည်းများကို
တော့  လုံခြုံစိတ်ချရသော နေရာတွင် လျှို့ဝှက်စွာ သေချာသိမ်းဆည်းထားသည် ။ထိုပစ္စည်းများ လျှို့ဝှက်
စွာသိမ်းဆည်းထားသည်ကို မည်သူတစ်ဦးတစ်ယောက်မှ မသိနိုင်အောင် စံနစ်တစ်ကျ ကြိုတင်စီမံဆောင်
ရွက်ထားသည် ။ထိုသို့ပြုလုပ်ထားသည့် လျှို့ဝှက်နေရာကိုတော့ သူဌေးဦးဇော်ဦး တစ်ယောက်တည်းကို
လွန်ခဲ့သော ၁၀ နှစ် ခန့်လောက်ကတည်းက ပြောပြ ရှင်းပြထားသည် ။ သူဌေးဦးဇော်ဦးက ကိုထွန်းဝင်း၏
အမျှော်အမျှင်ရှိရှိ ကြိုတင်တွက်ဆတတ်သည့် စိတ်ကူးအကြံဥာဏ်ကို သဘောကျ ကျေနပ်နှစ်သက်ခဲ့ပြီး
ပိုမိုယုံကြည်စိတ်ချ အားထားခဲ့သည် ။
                 မိမိတို့လုပ်ကိုင်နေသော လုပ်ငန်းသည် မလေးရှားအစိုးရနှင့်သော်လည်းကောင်း ၊  စင်္ကာပူ
အစိုးရနှင့်သော်လည်းကောင်း တစ်ချိန်မဟုတ် တစ်ချိန်ချိန် တွင် ငြိစွန်းနိုင်သောကြောင့် ကိုထွန်းဝင်းက
သူဌေးဦးဇော်ဦးအား ကြိုတင်အသိပေးထားခြင်းဖြစ်သည်။မတော်တစ်ဆ ဖမ်းဆီးခံရပါက လှေပေါ်တွင်
ပါသောပစ္စည်းများသာမက လှေကိုပါသိမ်းဆည်းပြီး လှေသားများကိုပါ အရေးယူအပြစ်ပေးခံရမည်ကို
ကိုထွန်းဝင်းသာမက သူဌေးဦးဇော်ဦးနှင့်ရှယ်ယာတူ ထိုင်းသူဌေးတို့ကလည်း သိရှိနားလည်ထားကြသည်။
                 ကိုထွန်းဝင်းတစ်ယောက် ဦးဇော်ဦးစက်လှေတွင်လုပ်ကိုင်လာသည်မှာ ၁၅ နှစ်ခန့်
ကြာမြင့်လာသောအခါ  ကံဆိုးမိုးမှောင်ကျသော နေ့ရက်သို့ ရောက်ရှိလာခဲ့တော့သည် ။
                  ဒီနေ့ ရာသီဥတု သာယာကြည်လင်သာကြောင့် ကိုထွန်းဝင်းတစ်ယာက် လှေဦးတွင် တစ်
ယောက်တည်း လဲလျှောင်းရင်း တိမ်မြူကင်းစင်လျှက် အနက်ရောင် ကတ္တီပါပိတ်သားပြင်တွင် အရွယ်စုံ
စိန်ပွင့်ကလေးများ ပြန့်ကျဲထားဘိသကဲ့သို့ ကြယ်ရောင်များ လင်းလက်တောက်ပလျှက် ရင့်ကျက်တည်ငြိမ်
အေးချမ်းလှသော ကောင်းကင်ပြင်ကျယ်ကြီးကို ကြည့်ငေးရင်း .....အတိတ်မှ မိမိဖြတ်သန်းခဲ့ရသော ဘဝ
တစ်လျှောက်လုံးကို အပြန်ပြန် အလှန်လှန် သုံးသပ်တွေးတောနေမိသည်။အတွေးရေယာဉ်ကြောတွင် လွင့်
မျောချင်တိုင်း မျောနေမိသည်။ငယ်စဉ်တောင်ကျေး ကလေးဘဝမှ ယနေ့ထက်တိုင်အောင် ဘဝ၏ အထုအထောင်း အနှိပ်အစက်ခံ ဒါဏ်ရာ ဒါဏ်ချက်များ ကံကြမ္မာလှည့်ကွက်များ မအောင်မြင်ကျရှုံးခဲ့
ရသည့် အဖြစ်အပျက်များ ၊ပျော်ရွှင်ခြင်း ၊ ကြေကွဲခြင်း ၊ ဝမ်းနည်းခြင်း ၊တစ်စစီ ပြိုကွဲသွားသောစိတ်ကူးယဉ်
အိပ်မက်များ ၊ဖြစ်ချင်သလိုဖြစ် ပျက်ခြင်သလိုပျက် မတည်မြဲသော ဘဝ၏ကံကြမ္မာ အလှည့်အပြောင်းတို့ကို
သုံးသပ်တွေးတော ဆင်ခြင်နေမိတော့သည်။မိမိ၏မိဘနှစ်ပါးနှင့် ညီအစ်ကိုမောင်နှမများ အတွက် မိမိတာ
ဝန်ကျေပွန်သလော....။မိမိလက်ရှိ ဇနီးမယား သမီးသားတို့အပေါ် ၌လည်း တာဝန်ကျေပွန်ပါ၏လော....။
လုပ်ပေးစရာ လုပ်ပေးသင့်တာ လုပ်ပေးနှိုင်တာ ဘာတွေကျန်နေဦးမလဲ....။မိဘနှစ်ပါးကို ပြုစုစောင့်
ရှောက်ရမည်ဖြစ်သလို မိမိ၏ မိသားစုအပေါ်တွင်လည်း မပျက်ယွင်းသင့်။မိမိကိုယ်တိုင်အတွက် လည်း
လုပ်ရဦးမည် ။
                   လောဘ ဒေါသ မောဟ စိတ်များဖိစီးပြီး သားရေးသမီးရေး ဦးစားပေးလျှက် ခွန်အားရှိသမျှ
ဥာဏ်စွမ်းရှိသမျှ ကြိုးစားလုပ်ကိုင်ရှာဖွေ ကျွေးမွေးလာခဲ့သည်မှာ ကာလအတန်ကြာခဲ့ပါပကောလား...။
သို့ပေသိ ပင်ပန်းသည်ဟုမထင် ၊စိတ်ပျက်သည်ဟုမရှိ ၊။ မိမိကိုယ်တိုင် မိဘနေရာရောက်လာမှ မိဘကျေး
ဇူးကို သိနားလည်ခဲ့ရသည် ။သိရှိနားလည်ခွင့်ကြုံရသည်....။
                 ဒီတစ်ခေါက် စင်္ကာပူမှ ကော့သောင်းသို့ တိုက်ရိုက်ပြန်ရန် သူဌေးဦးဇော်ဦးမှ ကိုထွန်းဝင်းထံ
သို့ အကြောင်းကြားထားသည် ။ရှင်းလင်းစရာရှိသည်များကို ရှင်းလင်းရမည်။ထို့ကြောင့် မိမိလျှို့ဝှက်စွာ
သိမ်းဆည်းထားသည့် ပစ္စည်းများ ၊ငွေများကို စစ်ဆေးကြည့်ရှုရန် သတိရပြီး လှေပေါ်တွင် လိုက်ပါလုပ်ကိုင်
လျှက်ရှိသော လှေသားများအား လိုက်လံကြည့်ရှု စစ်ဆေးရင်း အခြေအနေကို အကဲခတ်ကြည့်သည် ။အား
လုံးပုံမှန်အတိုင်း အိပ်သူကအိပ် အလုပ်လုပ်သူကလုပ်နှင့် ပုံမှန်လည်ပတ်နေသည်။ကိုထွန်းဝင်းလည်း မအိပ်သေးသောသူများ အလုပ်လုပ်နေသည့်သူများကို လုပ်စရာရှိသည်များကို လုပ်ရန် အလုပ်ပြီးစီးပါက
ကိုယ့်အခန်းသို့ပြန်၍ အိပ်ရန် ၊ လှေပေါ်တွင် ကင်းစောင့်ရမည့်သူများ သေချာစွာစောင့်ကြည့်ရန် အရေး
ပေါ် အခြေအနေတစ်ရပ်ရပ်နှင့် ကြုံတွေ့ပါက မိမိအခန်းအားလာရောက် နှိုးရန် မိမိလည်း ပင်ပန်းနေပြီဖြစ်
သောကြောင့် အနားယူအိပ်စက်တော့မည်ဖြစ်ကြောင်း လှေသားအားလုံးကို သတိပေးပြောဆိုပြီး  မိမိအိပ်
ခန်းရှိရာသို့ ပြန်လာခဲ့တော့သည်  ။
                   အခန်းတွင်းရောက်တော့ မအိပ်နှိုင်သေးပဲ ခေါင်းရင်းဘုရားစင်ကို သန့်ရှင်းခြင်း ၊မြတ်စွာ
ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား သောက်တော်ရေများကပ်လှူခြင်း ၊သစ်သီးများကပ်လှူပူဇော်ခြင်း များ
ပြုလုပ်ပြီး ဘုရားကန်တော့ မေတ္တာပို့ အမျှအတမ်းဝေသည်။ ဘုရားကန်တော့ပြီးသည်နှင့် ဘုရားစင်
အောက်ခြေတွင် ချိတ်ဆွဲထားသော ပြက္ခဒိန် နှင့်နံရံကပ်ပိုစတာပုံများကို သေသေသပ်သပ် ခွါ၍ ထိုပိုစတာများအောက်တွင် ပစ္စည်းများ ၊ငွေများ လျှို့ဝှက်သိမ်းဆည်းရန် စီမံပြုလုပ်ထားသော အမြင့် ၁ ပေ
ခန့် အလျှား ၂ ပေခန့်ရှိ အခန်းငယ်ကို သေချာစွာဖွင့်၍ ပစ္စည်းများအားစစ်ဆေးသည်။အားလုံးလက်ရာမယွင်း ခြေရာလက်ရာမပျက် ငွေသား အမေရိကန်ဒေါ်လာ
၅ သိန်း ၊ စင်္ကာပူဒေါ်လာ ၃ သိန်း ၊မလေးရှား ရင်းဂစ် ၂ သိန်း ၊စိန်လက်စွပ် အရွယ်စုံ အကွင်း ၂၀၀ နှင့်
ရွှေဆွဲကြိုး အကုံး ၂၀၀  အားလုံးပြည်စုံသည်။သေချာစွာစစ်ဆေးကြည့်ရှုပြီးသည်နှင့် လက်ရာမပျက် ပြန်လည်သိမ်းဆည်း၍ အိပ်ယာပေါ်သို့ လဲလျှောင်းအနားယူရင်း အိပ်စက်လိုက်တော့သည်။

ကျွန်တော့်ကို ၁၉၆၅ ခုနှစ် တန်ခူးလ ( April 16) ရက်မြန်မာနှစ်ဆန်းတစ်ရက် သောကြာနေ့တွင် ဂျင်မခါနာဆေးရုံကြီးတွင် မွေးဖွားခဲ့ပါသည်။ကျွန်တော့်မွေးရပ်ဇာတိမှာ မင်္ဂလာတောင်ညွန့် ကန်တော်ကလေး
ရန်ကုန်မြို့ ဖြစ်ပါသည်။ကျွန်တော်သည်မွေးချင်း ရ ယောက်အနက် ၅ ယောက်မြောက်သား ဖြစ်ပါသည်။
အမှန်တစ်ကယ်တွင်မူမွေးချင်း ၈ ယောက်ရှိပါသည်။ကျွန်တော့်အထက် ၃ ယောက်မြောက်အစ်ကိုမှာ
၅ နှစ်သားအရွယ်တွင် အပြင်းဖျားပြီးဆုံးသွားပါသည်။ကျွန်တော်တို့မိသားစုအားလုံး အဘိုးတို့မိသားစုနှင့် တစ်အိမ်တည်းတွင် အတူတစ်ကွနေထိုင်ကြရသဖြင့် အလွန်ကျပ်တည်းပါသည်။ အဘိုး၏ အိမ်သည် ပေ ၃၀
ပေ ၅၀ ပျဉ်ထောင်သွပ်မိုးအပြည့်ဆောက်ထားသော်လည်း အလယ်မှတစ်ခြမ်းခြမ်း၍ တစ်ဖက်ခန်းတွင် အဖေ့၏
ညီမမိသားစုနေထိုင်သောကြောင့် ကျန်တစ်ခန်းတွင် မိသားစု နှစ်စု အဘိုးတို့က မိသားစု ၃ ယောက်
ကျွန်တော်တို့က မိသားစု ၉ ယောက်ဖြစ်သဖြင့် အလွန်ကျပ်တည်းပါသည်။
ကျွန်တော်ငယ်စဉ်က မှတ်မိသလောက် ငလျှင်လှုပ်သည်ကို မကြာခဏကြုံတွေ့ဖူးပါသည်။ငလျှင်လှုပ်သည်နှင့်
နောက်ဖေးမီးဖိုချောင်တွင် ချက်ပြုတ်နေသောအဖွားသည် အိမ်ပေါ်သို့ပြေးတက်လာပြီး အိမ်ပေါ်တွင်ဆော့က
စားနေသော ကျွန်တော်တို့ညီအစ်ကိုတစ်တွေကို ဖက်ထားပါသည်။အဖွားသည် ကျွန်တော်တို့ညီအစ်ကိုတစ်တွေ
ကို ချစ်ပါသည်။ငလျှင်လှုပ်၍ မတော်တစ်ဆ လဲပြိုသွားလျှင် ရူးမည်စိုးသောကြောင့်ဟု ထင်ပါသည်။
ကျွန်တော်တို့လည်း ငလျှင်လှုပ်လျှင် ပြူးတူးကြောင်တောင်နှင့် အလွန်ကြောက်သဖြင့် အဖွားကိုပြန်ဖက်ထားမိ
ပါသည်။အဘိုးကတော့ အိမ်ရှေ့ခန်းမှ“ ငလျှင်လှုပ်တယ်ဟေ့ သတိထားကြ ” ဟု အော်ဟစ်သတိပေးပါသည်။
ငလျှင်လှုပ်ပြီးသည်နှင့် အဘိုးက ဘယ်နှစ်နာရီ ဘယ်နှစ်မိနစ်မှာ စလှုပ်သည်ဟု တန်းပြောပါသည်။ကျွန်တော်တို့
အိမ်တွင် ၁၉၀၂ ခုနှစ် တွင်ထုတ်လုပ်သော ချိန်သီးနှင့် တိုင်ကပ်နာရီကြီးရှိပါသည်။ငလျှင်စလှုပ်သည်နှင့် ထိုတိုင်
ကပ်နာရီကြီးသည် ရပ်သွားပါတော့သည်။အဘိုးကနာရီကိုကြည့်၍ အတိအကျ ပြောခြင်းဖြစ်သည်။စက္ကန့်တံ မပါသောကြောင့် စက္ကန့်တော့ အတိအကျ မသိပေ။
ကျွန်တော့်အဖေသည် ဆိပ်ကမ်းအာဏာပိုင် ဗဟိုပစ္စည်းထိမ်းရုံးတွင် စာရေးကြီးဖြစ်သည်။အဖေလစာထုတ်သည်
နှင့်ညပိုင်းတွင်မိသားစုအားလုံးကိုခေါ်၍ လေဟာပြင်ဈေးတွင်စားသောက်ကြပါသည်။စားချင်တာစား သောက်ချင်
တာသောက် ကျွန်တော်အလွန်ပျော်ပါသည်။ကျွန်တော်ကတော့ ခေါက်ဆွဲကြော်စားပြီ့း ဖါလူဒါသောက်ပါသည်။
အဘိုးကလည်း ရုပ်ရှင်ကြိုက်သဖြင့် ကျွန်တော်တို့ကို မကြာခဏ ရုပ်ရှင်ခေါ်သွားပါသည်။ထိုအချိန်က
ပရဲဇီးဒဲန့် ၊ ပလေဒီယံ ၊ဂလုပ်၊အိက်ဇက်စီယာ၊စသောရုပ်ရှင်ရုံများတွင် နိုင်ငံခြားရုပ်ရှင်များ ရုံတင်ပြသပါသည်။
ထိုအချိန်က တော်လှန်ရေးကောင်စီတက်ပြီး မြို့သစ်များဖေါ်ရာအကြွေးးစနစ်ဖြင့် အိမ်ယာအရောင်းပြခန်းများ
ကို မြေပဒေသာကျွန်းတွင်ပြသရောင်းချပေးပါသည်။အဖေသည်ကန်တော်လေးတွင်အဘိုးတို့မိသားစုနှင့်ကျပ်
ကျပ်တည်းတည်းအတူနေရသောကြောင့် တောင်ဥက္ကလာပ ၁၄ ရပ်ကွက် မြင်သာစုပေါင်းအိမ်ယာ အမှတ် (၁)
တွင် ဝယ်ယူလိုက်ပြီး ကျွန်တော်တို့မိသားစု မြင်သာစုပေါင်းအိမ်ယာသို့ ပြောင်းရွှေ့ခဲ့ကြတော့သည်။
ကျွန်တော်တို့ ပြောင်းခါစက အိမ်ယာများသည် လယ်မြေများကို ရှင်းလင်း၍ အိမ်ယာများအကွက်ဖေါ် ဆောက်
ထားသောကြောင့် အရိပ်ဟူ၍ မည်မည်ရရမရှိပဲ လွင်တီးခေါင်ဖြစ်နေသည်။အိမ်ရှေ့ကွက်လပ်တွင် မြက်ရိုင်းပင်
များ ရှင်းလင်းခြင်း ၊အုန်းပင်များခြံပါတ်လည် စိုက်ပျိုးခြင်း၊သရက်ပင် ၊ နှင်းသီးပင် ၊မာလကာပင် များစိုက်ပျိုးခြင်း
ဖြင့် အချိန်များကုန်လွန်ခဲ့သည်။ထိုအချိန်က ကျွန်တော့်အသက်မှာ ၄ နှစ်ဝန်းကျင်ခန့်သာရှိဦးမည်။
ကျွန်တော့်အသက် ၅ နှစ်သို့ရောက်သောအခါ ကျောင်းစတင်နေရပါသည်။အခြေခံ ပညာမူလတန်းကျောင်း
အမှတ် ( ၃ ) တွင် သူငယ်တန်း မှ စတင်၍ ၄ တန်းအထိ ကျောင်းတက်ရပါသည်။ထိုကျောင်းကို ရပ်ကွက်ထဲမှ
လူကြီးအတော်များများက ညောင်ညိုပင်ကျောင်းဟု ခေါ်ကြပါသည်။ထိုကျောင်းရှိ ဆရာများအနက် ဆရာကြီး
ဦးသိန်းဆိုင် မှာ စာသင်ရာတွင် မာန်ပါပါ သင်ပေးသောကြောင့် ကလေးများ ပျော်ပျော်ပါးပါး စာလိုက်နိုင်
ကြပါသည်။ဆရာကြီး၏ ပုံစံမှာ နဖူးပြောင်ပြောင် မျက်လုံးပြူးပြူး အသားဖြူဖြူ နှင့် စာသင်ရာတွင် စိတ်လိုက်
မာန်ပါစွာ အော်ကြီးဟစ်ကျယ်သင်သောကြောင့် ကလေးများကလည်း အသံကုန်ဟစ်အော် လိုက်ဆိုကြသည်။
ကကြီရေက.....ကကြီရေးချာကာ.....ကကြီရေးချာ ဝေးစံနှလုံးပါ ကား............။
ထိုမူလတန်းကျောင်းတွင် ၄ တန်းအထိ ကျောင်းတက်ရပါသည်။ ၄ တန်းအောင်သောအခါ ထိုမူလတန်းကျောင်း
ကြီးနှင့် ခွဲခွါခဲ့ရပါသည်။ ၅ တန်းကို အခြေခံ ပညာအထက်တန်းကျောင်း အမှတ် ( ၃ ) တွင် ပညာများဆက်လက်
သင်ယူ ရပါသည်။ထိုခေတ် ထိုအခါက A , B ,C , D ကို ၅ တန်းရောက်မှ စတင်သင်ယူကြရပါသည်။ထိုကြောင့်
ကျွန်တော်တို့အရွယ် လူများသည် အင်္ဂလိပ်စာ အတော်ညံ့ကြပါသည်။ထိုခေတ်က ၄ တန်း ၊ ၈ တန်း နှင့် ၁၀
တန်း တို့သည် အစိုးရစစ်စာမေးပွဲ ဖြစ်သောကြောင့် တစ်ချို့ ၈ တန်းတွင် ကျကျန်ခဲ့ကြပါသည်။ကျွန်တော်က
တော့ ၁၀တန်း အထိ ရောက်ခဲ့ပါသည်။ ၁၀ တန်းကို ၄ ၊ ၅ ကြိမ်ဖြေသော်လည်း B အဆင့် ဖြင့်သာ အောင်သော
ကြောင့် ကျွန်တော့်ပညာရေးသည် ၁၀ တန်းအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပါသည်။
အပိုင်း ၎

တော်ဝင်ပန်း စားသောက်ဆိုင်


အထဲသို့ ဝင်လိုက်သည်နှင့် မီးရောင်မှိန်ပျပျအောက်တွင် စားသောက်သူများ စားပွဲဝိုင်း
များတွင် တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ဆဲဆိုခြင်း ၊ ထွေရာလေးပါး ပြောဆိုငြင်းခုံခြင်း ၊
တစ်ယောက်ကအရွှန်းဖောက်၍ ကျန်လူများ တစ်ဝါးဝါး တစ်ဟားဟား အော်ဟစ်ရယ်မော
ခြင်း ၊တစ်ချို့အဆင်မပြေသောဘဝကို စဉ်းစားသုံးသပ်ရင်း ညည်းညူမြည်တမ်းခြင်း ၊အချစ်
ရေးအိမ်ထောင်ရေး မပြေလည်အဆင်မချော အဖုအထစ်များကြောင့် စိတ်ညစ်ပြီး အရက်
သောက်ရင်း တစ်ယောက်နှင့်တစ်ယောက် ရင်ဖွင့်တိုင်ပင်ဆွေးနွေး ခြင်း ၊ ဇွန်းနှင့်ပန်းကန်
ထိခတ်သံ ၊ပုလင်းနှုတ်ခမ်းနှင့်ဖန်ခွက်ထိခတ်သံ တို့ဖြင့် ဆူညံလျှက် ၊ချွေးနံ့ ၊ရေမွှေးနံ့ ၊ဆေး
လိပ်မီးခိုးငွေ့နံ့ ၊အရက်နံ့တို့ ထောင်းထောင်းထလျှက် မှုံမှုံ မှိုင်းမှိုင်းအခန်းတွင်းဝယ် လွတ်လပ်
သောကမ္ဘာငယ်လေးတစ်ခုသဖွယ် .............
ဆိုင်မှစားပွဲထိုးလေးတစ်ယောက်က ကျွန်တော့်အား ကြိုဆိုရင်း........
“ ကြွပါ..အစ်ကိုကြီး...တစ်ယောက်ထဲလား ...ဘယ်နေရာမှာထိုင်မလဲ...ကျွှန်တော်စီစဉ်ပေး
မယ်....ပြီးမှ...အစ်ကိုကြီး..စိတ်ကြိုက်မှာချင်တာမှာနှိုင်ဖို့...ကျွှန်တော်ပြန်လာခဲ့ပါ့မယ်...”
“..အေးကွာ....ကျေးဇူးပါပဲ...အရင်ရောက်နှင့်နေတဲ့ ကို့မိတ်ဆွေတွေကို...တစ်ချက်ရှာကြည့်
လိုက်ဦးမယ်....”
” သြော်...ကောင်းပါပြီအစ်ကို...လိုအပ်တာရှိရင် ကျွှန်တော့်ကိုလှမ်းခေါ်လိုက်နော်...”
“အေး..အေး ကောင်းပြီ...”
ကျွှန်တော်ပြောဆိုပြီး ဆိုင်အတွင်းသို့ ဖြည်းဖြည်းချင်း တစ်ချက်ဝေ့ကြည့်လိုက်သည်။တွေ့ပြီ
ဆိုင်၏ အတွင်းဖက်ကျကျ ထောင့်တစ်နေရာတွင် ထိုင်နေသောသူတို့ကလည်း ကျွှန်တော်
ဆိုင်အတွင်းဝင်လာသည်ကို လှမ်းတွေ့လိုက်၍့ လက်ပြနေသည်ကို တွေ့လိုက်ရသဖြင့်
ထိုစားပွဲဝိုင်းရှိရာသို့ ဦးတည်သွားလိုက်ပြီး စားပွဲရှိကျွှန်တော့်အတွက်တင်ကြိုယူထားသော
ထိုင်ခုံလွတ်တွင် ဝင်ထိုင်လိုက်သည်။
“ရောက်နေတာကြာနေကြပြီလား...”
“မကြာသေးပါဘူး...ခုလေးတင်ပါပဲ...”
“မှာပြီးကြပြီလား...”
“မမှာရသေးဘူး...လူစုံမှမှာမယ်လို့စားပွဲထိုးလေးကိုပြောထားတယ်.....”
“ဘယ်သူကျန်သေးလဲ...”
“ဟိုကောင်..ကျော်ကျော်ရောက်မလာသေးဘူး...ခဏစောင့်ရင်း...မှာစရာရှိတာမှာထား
ကြရအောင်...”
“အေး..ကောင်းသားပဲ..ဟေ့ကောင်ဇော်လတ်..မင်းပဲကြည့်ကျက်ပြီး..အားလုံးနဲ့သင့်တာ
မှာကွာ....”
ဇော်လတ်မီနူးကတ်ကိုကြည့်ပြီး စားပွဲထိုးလေးကိုလှမ်းခေါ်လိုက်သည်။
စားပွဲထိုးလေး အနားသို့ရောက်လာသည်နှင့် ဇော်လတ်မီနူးကတ်ကိုကြည့်၍
“ ..ဘဲကင်တစ်ခြမ်း..ဝက်နံရိုးကြော်တစ်ပွဲ..အစိမ်းကြော်တစ်ပွဲ..ကြက်တောင်ပံကြော်..ကြက်သွန်ကွင်း
ကြော်..ဝက်အူမကြီးသုတ်...seafood ယိုးဒယားဟင်းချိုတစ်ပွဲ..blackတစ်လုံး..ဆော်ဒါ..coca cola..
နဲ့ ရေခဲတစ်ပွဲ..လောလောဆယ် ဒါပဲအရင်မှာထားဦးမယ်..နောက်မှလိုတာထပ်မှာမယ်ညီလေး...”
“ဟုတ်ကဲ့..ကောင်းပါပြီ...”
စားပွဲထိုးလေး..အော်ဒါများရေးမှတ်ပြီးထွက်သွားသည်။
“ ဟေ့ကောင်မင်းကလည်း မှာတာတွေများလိုက်တာ..ပိုရင်မင်းအိမ်ကိုထုပ်သွားမလို့လား..”
“ကိုသိန်းအေးကလည်း...ဒီလိုပဲဖြည်းဖြည်းချင်း စားရင်းသောက်ရင်းဆွေးနွေးရင်း..ကုန်သွားမှာပါ...
ဟောဟိုမှာ..ကျော်ကျော်ရောက်လာပြီ...”
သို့နှင့် အောင်အောင်၊ကျော်ကျော်၊သက်နိုင်၊သန်းထိုက်၊ဇော်လတ်၊ကိုရဲ၊ကျွန်တော်တို့အားလုံးလူစုံသွား
သည်။ကျွန်တော်ကစတင်၍ စကားဝိုင်းကို အသက်သွင်းလိုက်သည်။
“ ကဲ...မင်းတို့အားလုံးလည်းပြင်ဆင်စရာရှိတာပြင်ဆင်ရင်းနဲ့ “စ”သတင်းကိုရနိုင်သမျှရသလောက်စုံစမ်း
..ပြီးရင်ငါတို့..နှစ်ပါတ်တစ်ကြိမ်လောက်..ဆုံပြီးဆွေးနွေးကြမယ်...ငါတို့လှုပ်ရှားမဲ့ကိစ္စအတွက်
လောလောဆယ်မင်းတို့ ဘာသတင်းတွေကြားထားကြလဲ..”
ဇော်လတ်က.....
“အခုလောလောဆယ်ကျွန်တော်သိရသလောက်..အဲ့ဒီသင်္ဘောပျက်တွေထားတဲ့နေရာကို..ဖျက်သိမ်းတော့မယ်
လို့ကြားရတယ်..ဘယ်နေရာလဲတော့ကျွန်တော်လဲမသိဘူး...”
“အေး..အဲဒါကိုတော့ငါလည်းကြားတယ်...”
ကိုရဲက...
စားပွဲထိုးလေးက..စားသောက်စရာများကိုစားပွဲပေါ်စီစဉ်နေရာချနေသဖြင့်..ကိုယ်ကိုယို့၍ရှောင်တိမ်းရင်း
စကားခေတ္တဖြတ်ထားလိုက်သည်။ထိုနောက် ကိုရဲက ဖန်ခွက်များထဲသို့အရက်ငှဲ့ထည့်ပေးကာ တစ်ခွက်စီကို
ရေခဲနှစ်တုံးစီထည့်ပြီး..တစ်ဦးချင်းစီသို့ကမ်းပေးလိုက်သည်။ကျွန်တော်လည်းဖန်ခွက်ထဲသို့ ဆော်ဒါရောထည့်
ပြီးဖန်ခွက်ကိုခလောက်နေလိုက်သည်။ကျန်သူများလည်း မိမိတို့စိတ်ကြိုက်ရောနှော၍ ဖန်ခွက်ကိုယ်စီမြှောက်
လိုက်ကြပြီး
“ လာ..အားလုံးပဲ..ချီးယားစ်...ကျန်းမာ..ပျော်ရွှင်..စော်ကြည်...ထီပေါက်..ရည်ရွယ်တာတွေ အကုန်ရောက်
စီးပွါးရေးတွေအားလုံးအဆင်ပြေပါစေ.....”
ဖန်ခွက်ကိုကိုင်မြှောက်ရင်းကျွန်တော်ကစတင်၍အားလုံးကို..ချီးယားစ် လုပ်လိုက်သည်။
“OK...Cheers...”“Cheers...”
အော်ရင်းအားလုံးတစ်ကြိုက်စီမော့လိုက်ကြသည်..ရင်ထဲသို့ခါးသီးပူလောင်စွာစီးဆင်းဝင်ရောက်သွားသည်..
ခံတွင်းထဲတွင် ခံစားနေရသော ခါးသီးသီးအရသာကိုပြေပျောက်စေရန်အလို့ငှာ ဘဲကင်တစ်ဖတ်ကို တူနှင့်
ညှပ်၍ကောက်ဝါးလိုက်သည်။သူတို့လည်းအသီးသီး အဆင်ပြေရာအမြည်းတစ်ခုစီကိုကောက်ဝါးနေကြသည်။
“အဲ့ဒီ..ဖမ်းဆီးရမိထားတဲ့ ငါးဖမ်းစက်လှေတွေ၊မှောင်ခိုစက်လှေတွေကို ..Pioneer North...(Gul...Road..)
ဆိပ်ကမ်းမှာစုပုံထားတယ်လို့သိရတယ်..အဲ့ဒီဆိပ်ကမ်းကိုမကြာခင်နောက် နှစ်လောက်မှာဖျက်
ဆီးတော့မယ်လို့ ငါ့အသိတစ်ယောက်ထံကသိရတယ်..သူက “စ”မှာအင်ဂျီနီယာ PR တစ်ယောက်ဖြစ်ပြီး
Ship Yard မှာလုပ်နေတယ်...”
ကိုသက်နိုင်က အရက်တစ်ငုံသောက်ရင်း ..
“ ဒီလိုဆိုရင်..ကျွန်တော်တို့ အခုကတည်းက စာအုပ်လျှောက်ထားပြီး...အသေးစိတ် အစီအစဉ်ဆွဲကြရအောင်
စာအုပ်ရတာနဲ့ စပြီးလှုပ်ရှားကြရမယ်...”
“ဒီအတိုင်းတစ်ယောက်တစ်ပေါက်..ပြောဆိုဆွေးနွေးနေတာထက်စာရင်တစ်ယောက်ယောက်ကို..ခေါင်းဆောင်
သဘောမျိုးထားပြီး..ဦးတည်ချက်တစ်ခုစီထားပြီး..ဆွေးနွေးကြရင်ကောင်းမယ်...”
“ဟုတ်တယ်..ကိုသန်းထိုက်ပြောတာမှန်တယ်..နို့မဟုတ်ရင်အကွက်မစေ့ပဲ..လွတ်ကွက်ဟာကွက်တွေရှိလာလိမ့်
မယ်..ပထမဆုံးဦးတည်ချက်က..ဘာကိုအရင်ဆုံးထားပြီးဆွေးနွေးကြရင်ကောင်းမလဲ...ဘယ်သူ့ကိုခေါင်းဆောင်
ရွေးမလဲ..ကဲ...အားလုံးက..ဘယ်သူ့ကိုခေါင်းဆောင်နေရာထားသင့်တယ်လို့ထင်သလဲ...”
ကိုရဲကဝင်၍ ထောက်ခံပြောဆိုရင်းအောင်အောင့်ကိုမေးငေါ့၍..........
“ကျွန်တော်ကတော့ ကိုသိန်းအေးကို ခေါင်းဆောင်နေရာမှာထားပြီး...ဆွေးနွေးကြရင်ကောင်းမယ်လို့ထင်တယ်
ဘာဖြစ်လို့ ကိုသိန်းအေးကိုခေါင်းဆောင်တင်ရသလဲဆိုရင်..ကျွန်တော့်အမြင်ကိုပြောရရင်...ကိုသိန်းအေးက
“စ”မှာနေတုန်းကတည်းက..နေရာတစ်ကာနှံ့နှံ့စပ်စပ်လည်းရှိတယ်...အပေါင်းအသင်းမိတ်ဆွေတွေအပေါ်မှာ
လည်း...အနစ်နာခံစေတနာထားတယ်...အလုပ်လုပ်တဲ့နေရာမှာလည်း..ထောင့်စေ့အောင်သေသေသပ်သပ်..
စနစ်တစ်ကျလုပ်တတ်တယ်...အားလုံးနဲ့လည်းသင့်တင့်အောင်ပေါင်းသင်းတတ်တယ်..ပြဿနာတစ်စုံတစ်ရာ
ရှိခဲ့ရင်လည်း..ပြေပြေလည်လည် ညှိနှိုင်းဆွေးနွေးတတ်တယ်..ဒါကြောင့်ကျွန်တော်ကတော့ ကိုသိန်းအေးကို
ခေါင်းဆောင်စေချင်တယ်...အောင်အောင်မင်းကရော ဘယ်လိုသဘောရလဲ ..အားလုံးရောဘယ်လိုမြင်သလဲ”
“ဟာ..ငါကတော့ခေါင်းဆောင်မလုပ်ချင်ပါဘူး...တော်ကြာတစ်ခုခုမှားယွင်းသွားရင်မကောင်းဘူး..နောက်ပြီး
ခေါင်းဆောင်လုပ်ရတာ..ဦးနှောက်စားတယ်..ငါတို့လုပ်ရမဲ့ကိစ္စကအရမ်းအရေးကြီးတယ်..အားလုံးရဲ့ဘဝတိုး
တက်မှုနဲ့လည်းဆိုင်တယ်..ငါတော့မလုပ်ချင်ဘူး..တစ်ခြားလူကိုစဉ်းစားကြပါဦး....”
ဇော်လတ်ကလည်းဝင်၍
“ဟုတ်ပါတယ်..ကိုသိန်းအေးပဲ..ဒီကိစ္စကိုခေါင်းဆောင်ပြီး စီစဉ်စေချင်တယ်...ကိုသိန်းအေး ရေးဆွဲစီစဉ်တဲ့
အတိုင်းကျွန်တော်တို့ လိုက်နာဆောင်ရွက်ကြမယ်...လိုအပ်ချက်တွေ့ရှိခဲ့ရင်လည်း..ကျွန်တော်တို့ဝိုင်းဝန်း
ညှိနှိုင်းဆွေးနွေး အဖြေရှာကြတာပေါ့...မကောင်းဘူးလား...”
“ကောင်းတယ်...ကောင်းတယ်..”
အားလုံးကဝိုင်း၍ ထောက်ခံလိုက်ကြသဖြင့် ကျွန်တော်ခေတ္တစဉ်းစားရင်း ငြိမ်နေလိုက်စဉ်မှာ.....
“ ကဲ...ကိုသိန်းအေးကို ခေါင်းဆောင်တင်တဲ့အနေနဲ့...တစ်ခွက်လောက်...ချီးယားစ် လုပ်လိုက်ကြရအောင်..”
ကျော်ကျော်က ပြောရင်းခွက်ကိုကိုင်မြှောက်လိုက်သဖြင့်..အားလုံးကလည်း တစ်ညီတစ်ညွတ်တည်း ခွက်ကိုယ်
စီကိုင်မြှောက်၍ ကျွန်တော့်ကိုပါ...ပါဝင်ဘို့ ခေါင်းဆောင်ဖို့ လောဆော် လိုက်ကြသဖြင့်.....
“ချီးယားစ်....ချီးယားစ်....ချီးယားစ်....”

အပိုင်း ၎

တော်ဝင်ပန်း စားသောက်ဆိုင်

အထဲသို့ ဝင်လိုက်သည်နှင့် မီးရောင်မှိန်ပျပျအောက်တွင် စားသောက်သူများ စားပွဲဝိုင်း
များတွင် တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ဆဲဆိုခြင်း ၊ ထွေရာလေးပါး ပြောဆိုငြင်းခုံခြင်း ၊
တစ်ယောက်ကအရွှန်းဖောက်၍ ကျန်လူများ တစ်ဝါးဝါး တစ်ဟားဟား အော်ဟစ်ရယ်မော
ခြင်း ၊တစ်ချို့အဆင်မပြေသောဘဝကို စဉ်းစားသုံးသပ်ရင်း ညည်းညူမြည်တမ်းခြင်း ၊အချစ်
ရေးအိမ်ထောင်ရေး မပြေလည်အဆင်မချော အဖုအထစ်များကြောင့် စိတ်ညစ်ပြီး အရက်
သောက်ရင်း တစ်ယောက်နှင့်တစ်ယောက် ရင်ဖွင့်တိုင်ပင်ဆွေးနွေး ခြင်း ၊ ဇွန်းနှင့်ပန်းကန်
ထိခတ်သံ ၊ပုလင်းနှုတ်ခမ်းနှင့်ဖန်ခွက်ထိခတ်သံ တို့ဖြင့် ဆူညံလျှက် ၊ချွေးနံ့ ၊ရေမွှေးနံ့ ၊ဆေး
လိပ်မီးခိုးငွေ့နံ့ ၊အရက်နံ့တို့ ထောင်းထောင်းထလျှက် မှုံမှုံ မှိုင်းမှိုင်းအခန်းတွင်းဝယ် လွတ်လပ်
သောကမ္ဘာငယ်လေးတစ်ခုသဖွယ် .............
ဆိုင်မှစားပွဲထိုးလေးတစ်ယောက်က ကျွန်တော့်အား ကြိုဆိုရင်း........
“ ကြွပါ..အစ်ကိုကြီး...တစ်ယောက်ထဲလား ...ဘယ်နေရာမှာထိုင်မလဲ...ကျွှန်တော်စီစဉ်ပေး
မယ်....ပြီးမှ...အစ်ကိုကြီး..စိတ်ကြိုက်မှာချင်တာမှာနှိုင်ဖို့...ကျွှန်တော်ပြန်လာခဲ့ပါ့မယ်...”
“..အေးကွာ....ကျေးဇူးပါပဲ...အရင်ရောက်နှင့်နေတဲ့ ကို့မိတ်ဆွေတွေကို...တစ်ချက်ရှာကြည့်
လိုက်ဦးမယ်....”
” သြော်...ကောင်းပါပြီအစ်ကို...လိုအပ်တာရှိရင် ကျွှန်တော့်ကိုလှမ်းခေါ်လိုက်နော်...”
“အေး..အေး ကောင်းပြီ...”
ကျွှန်တော်ပြောဆိုပြီး ဆိုင်အတွင်းသို့ ဖြည်းဖြည်းချင်း တစ်ချက်ဝေ့ကြည့်လိုက်သည်။တွေ့ပြီ
ဆိုင်၏ အတွင်းဖက်ကျကျ ထောင့်တစ်နေရာတွင် ထိုင်နေသောသူတို့ကလည်း ကျွှန်တော်
ဆိုင်အတွင်းဝင်လာသည်ကို လှမ်းတွေ့လိုက်သဖြင့် လက်ပြနေသည်ကို တွေ့လိုက်ရသဖြင့်
ထိုစားပွဲဝိုင်းရှိရာသို့ ဦးတည်သွားလိုက်ပြီး စားပွဲရှိကျွှန်တော့်အတွက်တင်ကြိုယူထားသော
ထိုင်ခုံလွတ်တွင် ဝင်ထိုင်လိုက်သည်။
“ရောက်နေတာကြာနေကြပြီလား...”
“မကြာသေးပါဘူး...ခုလေးတင်ပါပဲ...”
“မှာပြီးကြပြီလား...”
“မမှာရသေးဘူး...လူစုံမှမှာမယ်လို့စားပွဲထိုးလေးကိုပြောထားတယ်.....”
“ဘယ်သူကျန်သေးလဲ...”
“ဟိုကောင်..ကျော်ကျော်ရောက်မလာသေးဘူး...ခဏစောင့်ရင်း...မှာစရာရှိတာမှာထား
ကြရအောင်...”
“အေး..ကောင်းသားပဲ..ဟေ့ကောင်ဇော်လတ်..မင်းပဲကြည့်ကျက်ပြီး..အားလုံးနဲ့သင့်တာ
မှာကွာ....”
ဇော်လတ်မီနူးကတ်ကိုကြည့်ပြီး စားပွဲထိုးလေးကိုလှမ်းခေါ်လိုက်သည်။
မနေ့ညက အိပ်မက်မက်သည် ထူးဆန်းသောအိပ်မက်ဟုထင်မိသည်။
ကမ္ဘာမြေတစ်ခွင်လုံး ရေတွေလွှမ်းနေသည် ကမ္ဘာကြီးပျက်ပြီဟုခံစား
မိသည် ။မိုးကောင်းကင်ကိုမော့ကြည့်လိုက်ရာ ကောင်းကင်ပေါ်တွင်လည်း
ရေလှိုင်းများရိုက်ခတ်နေသည်ကိုတွေ့ရသည်။တစ်ခါတစ်ရံ ရေလှိုင်းများက
ပြည့်ဝစွာထိန်လင်းနေသော လမင်းကြီးကိုပင် မမြင်ရလောက်အောင်ရိုက်
ခတ်လျှက်ရှိသည်ကို မြင်တွေ့နေရသည်။ ရင်ထဲတွင်အကြောက်တရားတို့က
လွှမ်းမိုးကြီးစိုးလျှက် ပြေးစရာမြေမရှိ နေရာတစ်ကာ ရေတွေကိုသာ မျက်စေ့
တစ်ဆုံး မြင်နေရသည်။ကံကောင်းသည်မှာ ကမ္ဘာကြီးကိုဖန်အုပ်ဆောင်းကြီး
ဖြင့် အုပ်ထားသကဲ့သို့ ထူးဆန်းဖွယ်ရာတွေ့မြင်ရသောကြောင့် ကောင်းကင်
ပေါ်တွင်ရေလှိုင်းများရိုက်ခတ်နေသည်ကို တွေ့မြင်ရခြင်းဖြစ်သည်။