အပိုင်း ၎

တော်ဝင်ပန်း စားသောက်ဆိုင်

အထဲသို့ ဝင်လိုက်သည်နှင့် မီးရောင်မှိန်ပျပျအောက်တွင် စားသောက်သူများ စားပွဲဝိုင်း
များတွင် တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ဆဲဆိုခြင်း ၊ ထွေရာလေးပါး ပြောဆိုငြင်းခုံခြင်း ၊
တစ်ယောက်ကအရွှန်းဖောက်၍ ကျန်လူများ တစ်ဝါးဝါး တစ်ဟားဟား အော်ဟစ်ရယ်မော
ခြင်း ၊တစ်ချို့အဆင်မပြေသောဘဝကို စဉ်းစားသုံးသပ်ရင်း ညည်းညူမြည်တမ်းခြင်း ၊အချစ်
ရေးအိမ်ထောင်ရေး မပြေလည်အဆင်မချော အဖုအထစ်များကြောင့် စိတ်ညစ်ပြီး အရက်
သောက်ရင်း တစ်ယောက်နှင့်တစ်ယောက် ရင်ဖွင့်တိုင်ပင်ဆွေးနွေး ခြင်း ၊ ဇွန်းနှင့်ပန်းကန်
ထိခတ်သံ ၊ပုလင်းနှုတ်ခမ်းနှင့်ဖန်ခွက်ထိခတ်သံ တို့ဖြင့် ဆူညံလျှက် ၊ချွေးနံ့ ၊ရေမွှေးနံ့ ၊ဆေး
လိပ်မီးခိုးငွေ့နံ့ ၊အရက်နံ့တို့ ထောင်းထောင်းထလျှက် မှုံမှုံ မှိုင်းမှိုင်းအခန်းတွင်းဝယ် လွတ်လပ်
သောကမ္ဘာငယ်လေးတစ်ခုသဖွယ် .............
ဆိုင်မှစားပွဲထိုးလေးတစ်ယောက်က ကျွန်တော့်အား ကြိုဆိုရင်း........
“ ကြွပါ..အစ်ကိုကြီး...တစ်ယောက်ထဲလား ...ဘယ်နေရာမှာထိုင်မလဲ...ကျွှန်တော်စီစဉ်ပေး
မယ်....ပြီးမှ...အစ်ကိုကြီး..စိတ်ကြိုက်မှာချင်တာမှာနှိုင်ဖို့...ကျွှန်တော်ပြန်လာခဲ့ပါ့မယ်...”
“..အေးကွာ....ကျေးဇူးပါပဲ...အရင်ရောက်နှင့်နေတဲ့ ကို့မိတ်ဆွေတွေကို...တစ်ချက်ရှာကြည့်
လိုက်ဦးမယ်....”
” သြော်...ကောင်းပါပြီအစ်ကို...လိုအပ်တာရှိရင် ကျွှန်တော့်ကိုလှမ်းခေါ်လိုက်နော်...”
“အေး..အေး ကောင်းပြီ...”
ကျွှန်တော်ပြောဆိုပြီး ဆိုင်အတွင်းသို့ ဖြည်းဖြည်းချင်း တစ်ချက်ဝေ့ကြည့်လိုက်သည်။တွေ့ပြီ
ဆိုင်၏ အတွင်းဖက်ကျကျ ထောင့်တစ်နေရာတွင် ထိုင်နေသောသူတို့ကလည်း ကျွှန်တော်
ဆိုင်အတွင်းဝင်လာသည်ကို လှမ်းတွေ့လိုက်သဖြင့် လက်ပြနေသည်ကို တွေ့လိုက်ရသဖြင့်
ထိုစားပွဲဝိုင်းရှိရာသို့ ဦးတည်သွားလိုက်ပြီး စားပွဲရှိကျွှန်တော့်အတွက်တင်ကြိုယူထားသော
ထိုင်ခုံလွတ်တွင် ဝင်ထိုင်လိုက်သည်။
“ရောက်နေတာကြာနေကြပြီလား...”
“မကြာသေးပါဘူး...ခုလေးတင်ပါပဲ...”
“မှာပြီးကြပြီလား...”
“မမှာရသေးဘူး...လူစုံမှမှာမယ်လို့စားပွဲထိုးလေးကိုပြောထားတယ်.....”
“ဘယ်သူကျန်သေးလဲ...”
“ဟိုကောင်..ကျော်ကျော်ရောက်မလာသေးဘူး...ခဏစောင့်ရင်း...မှာစရာရှိတာမှာထား
ကြရအောင်...”
“အေး..ကောင်းသားပဲ..ဟေ့ကောင်ဇော်လတ်..မင်းပဲကြည့်ကျက်ပြီး..အားလုံးနဲ့သင့်တာ
မှာကွာ....”
ဇော်လတ်မီနူးကတ်ကိုကြည့်ပြီး စားပွဲထိုးလေးကိုလှမ်းခေါ်လိုက်သည်။