ကိုပီတာ သို့

ဆရာကိုပီတာ ကျွန်တော့် blog နောက်ခံဒီဇိုင်းကို ပြင်ဆင်ပြောင်းလဲပေးတာကျေးဇူးအများကြီး
တင်တယ်။ကျွန်တော်လည်းကြိုက်တယ်။သိန်းအေးblog ကိုလည်းနောက်ခံဒီဇိုင်းပြောင်းပေးဦး
နော်...ခင်ဗျားကောအဆင်ပြေရဲ့လား...။
ကျွန်တော်သည် စင်္ကာပူနိုင်ငံတွင်ရှိနေစဉ် channal news asia မှ `
နှစ်သစ်ကူးရေသဘင်ပွဲတော်နှင့်ပါတ်သက်၍ သတင်းကြေငြာသည်ကို
ကြည့်လိုက်ရသည်။ထိုကဲ့သို့ကြေငြာရာတွင် ထိုင်းနိုင်ငံတွင်ကျင်းပဆင်နွှဲ
သည့်ရေသဘင်ပွဲတော်အကြောင်းများကိုသာ ဦးစားပေးဖေါ် ပြကြေငြာသည်
ကိုသာတွေ့ရသည်။မြန်မာနိုင်ငံ၏ နှစ်သစ်ကူးရေသဘင်ပွဲတော်နှင့်ပါတ်သက်၍`
အနည်းအကျဉ်းကလေးမျှတောင် ဖေါ်ပြသည်ကိုပင်မတွေ့ရသဖြင့် ရင်ထဲတွင်
စိတ်မသက်မသာဖြစ်မိသည်။ကျွန်တော်နှင့်ရင်းနှီးခင်မင်သော စင်္ကာပူနိုင်ငံသား
အတော်များများကိုလည်း မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှစ်သစ်ကူးရေသဘင်ပွဲ
တော်နှင့်ပါတ်သက်၍ ရှင်းလင်းပြောပြရာတွင်လည်း သူတို့က.." သြော်...ထိုင်းနိုင်ငံ
လိုပဲလားဟု..." ပြန်မေးသဖြင့် ရင်ထဲတွင် အောင့်သက်သက်ခံစားရသည်။
အမှန်တစ်ကယ်တွင်မူ ထိုင်းနိုင်ငံ၏ ရေသဘင်ပွဲတော်ကျင်းပဆင်နွှဲလာသည်မှာ
ဆယ်စုနှစ်ခန့်လောက်သာရှိမည်ဟု ခန့်မှန်းကြည့်မိသည်။မြန်မာနိုင်ငံ၏ ရေသဘင်ပွဲ
တော်ကို နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပဆင်နွှဲလာခဲ့သည်မှာ မည်မျှကြာ
ပြီကို အတိအကျမသိသော်လည်း နှစ်ပေါင်းရာချီနေမှန်း ကျွန်တော်သာမက မြန်မာနိုင်ငံ
သားများအားလုံးသိကြသည်။မြန်မာ့နှစ်သစ်ကူးရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံသားများ
အားလုံး အလေးထားကျင်းပဆင်နွှဲလာခဲ့သည်မှာ နှစ်စဉ်နှစ်တိုင်းပင်။တစ်နှစ်ပါတ်လုံး
ပွဲတော်များစွာရှိသော်လည်း နှစ်သစ်ကူးရေသဘင်ပွဲတော်ကို ပို၍အလေးထားကျင်းပဆင်
နွှဲခဲ့ကြသည်မှာ အများအသိပင်။ဘာသာရေးနွယ်သော လွတ်လပ်သော ပျော်ရွှင်ကြည်နူးဖွယ်
အလွန်ကောင်းသော ပွဲတော်တစ်ခုပင်ဖြစ်သည်။သင်္ကြန်အကျနေ့မှစ၍ အတက်နေ့အထိ
ရေပက်ကစားခြင်း ၊ရေပက်ခံထွက်ခြင်းများဖြင့် မိမိခန္ဓာကိုယ်ရှိအညစ်အကြေးများ ကင်းစင်
စေခြင်း ၊အခြားသူများ၏ ခန္ဓာကိုယ်မှအညစ်အကြေးများကို ကင်းစင်စေခြင်းငှာ ရေပက်ဖျန်း
ပေးခြင်းစသော ရည်ရွယ်ချက်ကောင်းများဖြင့် ပျော်ပျော်ပါးပါး ဆော့ကစားဆင်နွှဲကြပြီး နှစ်ဆန်း
တစ်ရက်နေ့(မြန်မာနှစ်ဆန်းတစ်ရက်နေ့)တွင် သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း ၊
ခြေသည်း လက်သည်း လှီးဖြတ်သန့်ရှင်းပေးခြင်း ၊သက်ကြီးရွယ်အိုများအတွက် အမှန်တစ်ကယ်
လိုအပ်သော ဆေးဝါးပစ္စည်းများ ၊အသုံးအဆောင်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခြင်း ၊ပရိတ်တရား
တော်များနိုင်ငံအနှံ့ ရွတ်ဖတ်သရစ္ဖျာယ်ခြင်း ၊ဘေးမဲ့လွှတ်ပွဲများကျင်းပခြင်းတို့ဖြင့် သာယာကြည်နူး
မြတ်နိုးဖွယ်ကောင်းသော အလေ့စရိုက်တို့ဖြင့် ထုံမွှန်းလျှက်ရှိသော ပွဲတော်ကြီးတစ်ခုပင်ဖြစ်သည်။
ထိုကဲ့သို့ မြင့်မြတ်ကြီးကျယ်ခန်းနားသော ပွဲတော်ကြီးသည် မြန်မာအစိုးရ၏ သေးသိမ်ညံ့ဖျင်းသော
ဦးဆောင်မှုအောက်တွင် အရောင်မှေးမှိန်လျှက် မြန်မာနိုင်ငံ၏ ရေသဘင်ပွဲတော်သည် ထိုင်းနိုင်ငံ
နောက်မှကျင်းပသယောင် နိုင်ငံတစ်ကာအလည်တွင် သေးသိမ်လျှက်ရှိနေတော့ပေသည်။မြန်မာ့
နှစ်သစ်ကူးရေသဘင်ပွဲတော်ကို နိုင်ငံတစ်ကာမှ အသိအမှတ်ပြုခြင်းမရှိပေ။
နှစ်သစ်ကူးကာလ သင်္ကြန်အချိန်အခါရောက်ပြီဆိုသည်နှင့် လူတိုင်း၏ရင်ထဲတွင် ပျော်ရွှင်ကြည်နူး
မှုအရိပ်အငွေ့များ ဖြတ်သန်းဝင်ရောက်လာမြဲပင်။
နှစ်သစ်ကူးကာလ၌် ရုံးများ၊ဌာနဆိုင်ရာများ၊ရက်ရှည်ရုံးပိတ်ခြင်း၊ကျောင်းများနွေရာသီအားလပ်ရက်ဖြစ်
သောကြောင့် တစ်ချို့ဘာသာရေးကိုင်းရှိုင်းသူများ၊သင်္ကြန်ကာလကို ကြိမ်ဖန်များစွာ ဖြတ်သန်းကျော်
ဖြတ်ခဲ့ကြပြီး အရွယ်ရလာကြသောလူလတ်ပိုင်းပုဂ္ဂိုလ်များ၊အသက်အရွယ်ကြီးရင့်လာသောပုဂ္ဂိုံလ်များ
က ရက်ရှည်တရားစခန်းဝင်ခြင်း၊ဥပုသ်သီလရက်ရှည်စောင့်ထိမ်းခြင်းစသည့် ကောင်းမှုကုသိုလ်ပြုကျော်
ဖြတ်ကြသည်။မွန်မြတ်သောအမှုပင်ဖြစ်သည်။