မနေ့ညက အိပ်မက်မက်သည် ထူးဆန်းသောအိပ်မက်ဟုထင်မိသည်။
ကမ္ဘာမြေတစ်ခွင်လုံး ရေတွေလွှမ်းနေသည် ကမ္ဘာကြီးပျက်ပြီဟုခံစား
မိသည် ။မိုးကောင်းကင်ကိုမော့ကြည့်လိုက်ရာ ကောင်းကင်ပေါ်တွင်လည်း
ရေလှိုင်းများရိုက်ခတ်နေသည်ကိုတွေ့ရသည်။တစ်ခါတစ်ရံ ရေလှိုင်းများက
ပြည့်ဝစွာထိန်လင်းနေသော လမင်းကြီးကိုပင် မမြင်ရလောက်အောင်ရိုက်
ခတ်လျှက်ရှိသည်ကို မြင်တွေ့နေရသည်။ ရင်ထဲတွင်အကြောက်တရားတို့က
လွှမ်းမိုးကြီးစိုးလျှက် ပြေးစရာမြေမရှိ နေရာတစ်ကာ ရေတွေကိုသာ မျက်စေ့
တစ်ဆုံး မြင်နေရသည်။ကံကောင်းသည်မှာ ကမ္ဘာကြီးကိုဖန်အုပ်ဆောင်းကြီး
ဖြင့် အုပ်ထားသကဲ့သို့ ထူးဆန်းဖွယ်ရာတွေ့မြင်ရသောကြောင့် ကောင်းကင်
ပေါ်တွင်ရေလှိုင်းများရိုက်ခတ်နေသည်ကို တွေ့မြင်ရခြင်းဖြစ်သည်။