ခြားနားခြင်း

လူတွေဟာအသစ်သစ်တို့ထက် အဟောင်းအဟောင်းတို့ကိုသာ နှစ်သက်တတ်ကြသည်။
အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည် ဆိုသကဲ့သို့
လူတို့သည်လွန်ခဲ့သောအတိတ်ကာလများက အဖြစ်အပျက် အကြောင်းအရာတို့ကို
မမေ့မပျောက် အမှတ်ရတတ်ကြသည်
အိုဟောင်းနေသော အရာဝတ္တုများနှင့် ထိတွေ့ခွင့်ရသည်နှင့်
လွန်ခဲ့သောအတိတ်ကာလများဆီသို့
အာရုံများ ပျံ့လွင့်သွားတတ်ကြပြီး အတိတ်ကာလများမှ အဖြစ်အပျက်များကို
တသသလွမ်းဆွတ်သတိရနေမိတော့သည်............
ထိုအခိုက်အတန့် ကာလလေးကို လွင့်မျောခံစားနေသူဧ။် စိတ်အာရုံတွင်
နုပျိုခြင်း လန်းဆန်းခြင်း ငြိမ်းချမ်းခြင်း လွမ်းဆွတ်သတိရခြင်း တို့ကို
နှလုံးသည်းပွတ်တွင် တပြိုင်နက်တည်း တည်ငြိမ်စွာ ခံစားနစ်မျောနေမိကြသည် အတော်ပင်ကြည်နူးဘွယ်ကောင်းသည့် အခိုက်အတန့်ကာလလေးပင်.................
ထို့ကြောင့်ကမ္ဘာပေါ်တွင်ဆွေးမြေ့ အိုဟောင်းနေသော အရာဝတ္ထုပစ္စည်းများသည်
အသစ်အသစ်သော ပစ္စည်းတို့ထက် တန်ဖိုးများစွာ မြင့်မားနေသည်ကိုတွေ့ရသည်..............